Thailand

Farm-to-face အလှကုန်ပစ္စည်းများကို မြှင့်တင်ပေးသွားရန်ရှိကြောင်း ထိုင်းနိုင်ငံ၊ ကုန်သွယ်ရေးမူဝါဒ နှင့် မဟာဗျူဟာရုံးက ပြောကြားခဲ့

Last Updated:

ကျေးလက်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများဖြစ်စေသော သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စဉ်ဆက်မပြတ်စေရေးနှင့် လိုက်လျောညီထွေမှုရှိသည့် farm-to-face အလှကုန်ပစ္စည်းများသည် ကြီးထွားလာသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ကုန်သွယ် ရေးမူဝါဒနှင့် မဟာဗျူဟာရုံးက ပြော ကြားခဲ့ပါသည်။

Farm-to-face အလှကုန်ပစ္စည်းများဆိုသည်မှာ အလှကုန်ပစ္စည်းထုတ်လုပ်သည့် အခြားနည်း လမ်းတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်စေရေးနှင့်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းရုံသာမက လူမှုရေးနှင့် စီးပွားရေး စဉ်ဆက်မပြတ်စေသည့် ယူဆချက်ကိုလည်း လက်ခံရာ ရောက်ပါကြောင်း၊ ယင်းနည်းလမ်းသည် အလှကုန်ပစ္စည်းထုတ်လုပ်ရာတွင် ပြည်တွင်းမှရရှိသည့် သဘာဝနှင့် အော်ဂဲန်းနစ်ပါဝင်ပစ္စည်းများကို အသုံးပြုခြင်းဖြစ်ကြောင်း၊ သုံးစွဲသူများသည် ဈေးနှုန်းနှင့် အရည်အသွေးသာမက ရင်းမြစ်များ၊ ပါဝင်ပစ္စည်းများ၏ မူလရင်းမြစ်များနှင့် မျှတသော ကုန်သွယ်မှုကို ရွေးချယ်နိုင်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေး မှူးချုပ် Mr. Poonpong Naiyananpakorn က ပြောကြားခဲ့ပါသည်။

ပါဝင်ပစ္စည်းများသည် အော်ဂဲန်းနစ်စိုက်ပျိုးရေးများမှ ဖြစ်သဖြင့် အလှကုန် ကုမ္ပဏီများက ၎င်း တို့ ထုတ်ကုန်များလည် စိတ်ချရပြီး ထိရောက်မှုရှိရုံသာမက သဘာဝပတ်ဝန်းကျင်နှင့်လည်း လိုက် လျောညီထွေရှိသည်ကို အခိုင်အမာပြောကြားနိုင်ကြောင်း၊ အော်ဂဲန်းနစ် စိုက်ပျိုးမှုသည် တာဝန်ယူမှုရှိ သော စိုက်ပျိုးရေးအလေ့အထနှင့် ဇီဝမျိုးစုံမျိုးကွဲများကိုလည်း အထောက်အကူပြုပါကြောင်း၊ မျှတ သော ကုန်သွယ်ရေးသည် တောင်သူများနှင့် အလုပ်သမားများသည် လုပ်ခလစာများ၊ လုံခြုံသော လုပ် ငန်းအခြေအနေများနှင့် ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းများတွင် မျှတမှုကို ရရှိခြင်းဖြစ်ကြောင်း၊ ထုတ် ကုန်များ၏ အချက်အလက်အသေးစိတ်ကို ဖော်ပြပေးခြင်းဖြင့် ဝယ်ယူသူနှင့် ထုတ်ကုန်များအကြား ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး ပိုမိုနက်ရှိုင်းသော ချိတ်ဆက်မှုကို မြှင့်တင်နိုင်ကြောင်း ညွှန်ကြား ရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

တိရစ္ဆာန်နှင့်စမ်းသပ်ခြင်း နှင့် တိရစ္ဆာန်မှရရှိသော ပါဝင်ပစ္စည်းများအပေါ် သတိမူမှု မြင့်တက် လာပါကြောင်း၊ ရလဒ်အနေဖြင့် အလှကုန်ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များကို တိရစ္ဆာန်များ တွင် မစမ်းသပ်တော့ပါကြောင်း၊ လုပ်ငန်းရှင်များသည် state-of-the-art ဓာတ်ခွဲခန်းများတွင် ရင်းနှီး မြှုပ်နှံသင့်ပြီး အရည်အသွေးမြင့်မား၍ စိတ်ချရသော စံနှုန်းများနှင့် ကိုက်ညီသည့် သက်သေခံချက်များ ရယူသင့်ကြောင်း၊ နိုင်ငံတကာ ကျန်းမာရေးနှင့် အလှကုန်ဆိုင်ရာ ကုန်စည်ပြပွဲများတွင် အရောင်းမြှင့် တင်ရေးဆောင်ရွက်ချက်များနှင့် လုပ်ငန်းချိတ်ဆက်ခြင်းတို့ကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့် ကြောင်း၊ ကျေးလက်လုပ်ငန်းများသည် မျိုးကွဲအသုံးပြုမှုနှင့် ပြည်တွင်း စိုက်ပျိုးရေးထုတ်ကုန်များကို တန်ဖိုးမြှင့်တင်ပေးပြီး အလှကုန်ပစ္စည်းများတွင် ပါဝင်သော အော်ဂဲန်းနစ် ထုတ်ကုန်များကို ထုတ်လုပ် ကြပါကြောင်း၊ အစိုးရ၏ ထောက်ပံ့ပေးမှု လိုအပ်နေသေးပါကြောင်း Mr. Poonpong က ဖြည့်စွက်ပြော ကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃.၃၈ ဘီလီယံ တန်ဖိုးရှိသော အလှ ကုန်ပစ္စည်းများ၊ ဆပ်ပြာများ၊ အရေပြားထိန်းသိမ်းသည့် ထုတ်ကုန်များ တင်ပို့ခဲ့ပါကြောင်း၊ ပို့ကုန် တန်ဖိုး အများဆုံး ပစ္စည်းများမှာ မျက်နှာနှင့် အရေပြားထိန်းသိမ်းသည့် ထုတ်ကုန်များ အမေရိကန် ဒေါ်လာ ၈၃၀ သန်း၊ ဆံသားထိန်းသိမ်းသည့် ထုတ်ကုန်များ အမေရိကန်ဒေါ်လာ ၇၂၂ သန်း၊ အော်ဂဲန်း နစ် Surfactants အမေရိကန်ဒေါ်လာ ၄၄၉ သန်း၊ ခံတွင်းသန့်စင်ထုတ်ကုန် အမေရိကန်ဒေါ်လာ ၃၆၀ သန်း၊ ဆပ်ပြာ အမေရိကန်ဒေါ်လာ ၃၄၂ သန်း၊ မုတ်ဆိတ်ရိတ်နှင့် ချိုင်းတောင့်များ အမေရိကန်ဒေါ်လာ ၂၄၁ သန်း၊ ရေမွှေးတွင် အသုံးပြုသော တိရစ္ဆာန်ထွက်ပစ္စည်းများ အမေရိကန်ဒေါ်လာ ၁၈၄ သန်း၊ ရေမွှေးများ အမေရိကန်ဒေါ်လာ ၁၁၈ သန်းနှင့် အခြား ထုတ်ကုန်များ အမေရိကန်ဒေါ်လာ ၁၃၈ သန်း ဖြစ်ကြောင်းသိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand