Thailand

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်ကြာသိမ်းဆည်းထားသည့် ဆန်ဟောင်းများ ရောင်းချနိုင်ရေးအတွက် လေလံ ခေါ်ယူခြင်းကို ဇွန်လအတွင်း ဆောင်ရွက်သွားရန် ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ယင်လတ်အစိုးရလက်ထက်က rice-pledging နည်းလမ်းအရ သိုလှောင်ထားသော ဆန်ဟောင်းများအတွက် လေလံခေါ်ယူခြင်းကို ဇွန်လအတွင်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

လေလံပွဲကို ဇွန်လအစောပိုင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဇွန်လနောက်ဆုံးပတ်ထက် နောက်မကျစေပါကြောင်း၊ လေလံလုပ်ငန်းစဉ်ကို ကြီးကြပ်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကော်မတီ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ကော်မတီတွင် Pubic Warehouse Organization၊ တောင်သူများ အတွက် ဈေးကွက်ရှာဖွေရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၊ နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန နှင့် ထိုင်းကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များပါဝင်ပါကြောင်း၊ ဆေးသိပ္ပံဦးစီးဌာနနှင့် ပုဂ္ဂလိ က ဓာတ်ခွဲခန်းတို့၏ စစ်ဆေးချက်များအရ စားသုံးရန်သင့်လျော်ပြီး နှိုင်းယှဉ်စမ်းသပ်သည့် ဆန်များ အတိုင်း အာဟာရတန်ဖိုးတူညီသောကြောင့် ဆန်များအပေါ် တန်ဖိုးချ ပြောဆိုနေခြင်းကို ရပ်တန့် ပေးရန် တောင်းဆိုလိုပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

သို့သော် စစ်ဆေးသည့်ဆန်များကို သိမ်းဆည်းထားသည့် စူရင်ရှိ သိုလှောင်ရုံများမှ ယူဆောင်လာခြင်းဟုတ်မဟုတ် မေးခွန်းထုတ်နေဆဲဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဆန်များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယူဆောင်လာစေပြီး ဆောင်ရွက်သည့် လုပ်ငန်းစဉ်အစအဆုံးကို မီဒီယာများက ကြည့်ရှုလိုကြောင်း ထောက်ပြသူများက ပြောဆိုခဲ့ကြောင်း သိရှိရပါ သည်။

ဆန်များကို စမ်းသပ်ခြင်းသည် ပွင့်လင်းမြင်သာမှုရှိခြင်း မရှိခြင်းထက် ဈေးနှုန်းကောင်းကောင်းဖြင့် ရောင်းချနိုင်ရေးကို အာရုံစိုက်ရန် ဖြစ်ကြောင်း၊ ဈေးနှုန်းကောင်းကောင်းဖြင့် ရောင်းချနိုင်ပါက အခြေအနေများသည် တည်ငြိမ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Mr. Somsak Thepsutin က ပြန်လည်ရှင်းလင်းပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand