China (HongKong)

Oxfam မှ ဟောင်ကောင်ဒေ၏ Central ရှိ ၎င်း၏အရောင်းဆိုင်ကို ပိတ်သိမ်းသွားမည်

Last Updated:

ဟောင်ကောင်မြို့၊ Central ရှိ Jardine House ၌ (၄၃) နှစ်ကြာ ဖွင့်လှစ်ခဲ့သည့် ပစ္စည်း အဟောင်းများရောင်းသည့် Oxfam သည် COVID-19 ကြောင့် လက်လီရောင်းချခြင်းကို ရိုက်ခတ်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဩဂုတ်လတွင် အခန်းငှားသက်တမ်းပြည့်မည်ဖြစ်ရာ အခန်းပိုင်ရှင်မှလည်း စားသောက်ဆိုင်များ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သောကြောင့် Oxfam ၏ စီးပွားရေး လုပ်ငန်းနှင့် ကိုက်ညီမှုမရှိသော ကြောင့် ဆက်လက်ငှားမည် မဟုတ်ကြောင်း၊ Oxfam ၏ ပထမဆုံးအရောင်းဆိုင်မှာ ၁၉၇၇ ခုနှစ်တွင် Central ရှိ Swire House ၌ ပထမဆုံး ဖွင့်လှစ်ခဲ့ပြီး Jardine House ၌ ၁၉၉၈ ခုနှစ် တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း၊ Jardine House ရှိ ယခုလက်ရှိဆိုင်ကို ပိတ်သိမ်းရခြင်းမှာ အခန်းပိုင်ရှင်က ဆက်လက်ငှားရမ်းခြင်း မပြုခြင်းကြောင့်ဖြစ်ကြောင်း၊ စီးပွားရေးပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် မသေချာမှုများ အကြားတွင်ခက်ခဲသည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ၃၁-၇-၂၀၂၀ ရက်နေ့တွင် ပိတ်သိမ်းမည့် Oxfam ကြောင့် ဟောင်ကောင်ရှိ အခြားသော Oxfam ဆိုင်များကို ထိခိုက်စေမည် မဟုတ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “Oxfam to close its shop in Central” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)