China (HongKong)

Pinduoduo ကုမ္ပဏီမှ စိုက်ပျိုး‌ရေး လုပ်ငန်းများအပေါ် အဓိကထား ဆောင်ရွက်လာရာ ယှဉ်ပြိုင်နိုင်မှု မြင့်တက်လာခြင်း

Last Updated:

ရှန်ဟိုင်းအခြေစိုက် Pinduoduo ကုမ္ပဏီသည် စိုက်ပျိုးရေးကဏ္ဍအား အဓိကထား ဆောင်ရွက်ရာမှ Alibaba Group Holding နှင့် JD.com တို့၏ ကျေးလက်‌ဒေသ e-commerce လုပ်ငန်း တွင်(၂) ဆ လျော့ကျစေကာ နောင်လာမည့် (၅) နှစ်အတွင်း Pinduoduo ကုမ္ပဏီသည် ယှဉ်ပြိုင် နိုင်မှု ပိုမိုမြင့်တက်မည်ဖြစ်ကြောင်း၊ နည်းပညာများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းဖြင့် နောင်လာမည့် (၅) နှစ်အတွင်း စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တန်ဖိုး ယွမ် (၁) ထရီလီယံကျော်ရန် မျှော်လင့် ထားကြောင်းနှင့် တရုတ်နိုင်ငံ၏ နံပါတ်(၁) အဆင့်ရှိ စိုက်ပျိုးရေးထွက်ကုန်များရောင်းချသည့် Platform တစ်ခုဖြစ်လာနိုင်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် လူများစွာနှင့် ဆက်စပ်‌ ဆောင်ရွက်လျက်ရှိပြီး လွန်ခဲ့သောနှစ်များက ဒစ်ဂျစ်တယ်လ်စနစ်အသုံးပြုမှု အနည်းဆုံးဖြစ်ခဲ့ကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတန်ဖိုးကွင်းဆက်တစ်လျှောက်တွင် ထုတ်လုပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်နိုင်သည့် မည်သည့် နည်းပညာအသုံးပြုမှုမဆို ကြီးမားသည့် အကျိုးသက်ရောက်မှုရှိ နိုင်ကြောင်း၊ စိုက်ပျိူးရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လယ်သမားများအား ပံ့ပိုးနိုင်ရန် ထောက်ပံ့ပို့‌ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ သိုလှောင်ရုံများထိန်းသိမ်းခြင်း၊ အစားအစာ ဘေးကင်းလုံခြုံရေးများ အတွက်လည်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ Pinduoduo ကုမ္ပဏီသည် စိုက်ပျိုးရေးကဏ္ဍ၌  နာမည်ကျော်ကြားလာခြင်းမှာ COVID-19 ကာလအတွင်း ပထမဆုံး ဖြစ်ပြီး Alibaba Group Holding နှင့် JD.com တို့နှင့် နီးကပ်စွာ ပိုမိုယှဉ်ပြိုင် နိုင်မည်ဖြစ်ကြောင်း၊  တရုတ်နိုင်ငံရှိ အလုပ်သမား (၄) ဦးတွင် (၁) ဦးမှာ စိုက်ပျိုးရေးလုပ်ငန်း ကဏ္ဍနှင့် ဆက်စပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ စုစုပေါင်း ဂျီဒီပီ၏ (၁၀) ရာခိုင်နှုန်းခန့် ရှိကြောင်း၊ စားသုံးသူများကို ပိုမိုဆွဲဆောင်နိုင်ရန် COVID-19 ကာလအတွင်း Alibaba Group Holding ၊ Pinduoduo နှင့် JD.com တို့သည် လယ်သမားများအား ပံ့ပိုးရန် အရောင်းမြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အွန်လိုင်းပလက်ဖောင်းရောင်းချမှု အစီအစဉ်များကို အသီးသီး ဆောင်ရွက်လျက်ရှိကြောင်း၊ Pinduoduo  သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း ယွမ် (၅၀) ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၎င်း၏ e-commerce ပလက်ဖောင်းတွင် ကျေးလက်ဒေသ အွန်လိုင်းအရောင်းဆိုင် (၁) မီလီယံကျော် ရှိလာကြောင်း၊ ကျေးလက် e-commerce  လုပ်ငန်းမှာ လာမည့်ကာလအသစ်တွင် ကဏ္ဍအသစ် တစ်ရပ်ဖြစ်လာပြီး e-commerce ပလက်ဖောင်းတွင် စိုက်ပျိုးရေးကဏ္ဍမှာ အားကောင်းလာ မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယ‌လေးလပတ် အတွင်း Pinduoduo  ၏ ဝင်ငွေမှာ (၆၇) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ယွမ် (၁၂.၁၉) ဘီလီယံ ရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Xue Yujie က “ Pinduoduo ramps up rivalry with a focus on agriculture ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)