China (HongKong)

SHKP မှ အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဟောင်ကောင်‌ဒေါ်လာ (၇) မီလီယံ လက်ဆောင်ပေး ပြီး ဈေးဝယ်သူများအား ဆွဲ‌ဆောင်သွားမည်ဖြစ်ခြင်း

Last Updated:

COVID-19 ဖြစ်ပွားမှုနှင့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် စီးပွားရေးကျဆင်းလျက်ရှိရာ ဈေးဝယ်သူများလာရောက်ပြီး လက်လီ‌ ရောင်းချရမှုများ မြင့်တက်နိုင်ရန် ဟောင်ကောင်ဒေသရှိ Sun Hung Kai Properties (SHKP) သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ အတွင်းဈေးဝယ်စင်တာများတွင် ဟောင်ကောင်‌ဒေါ်လာ (၇) မီလီယံငွေသားဘောင်ချာများအား လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဇူလိုင်လ(၁) ရက်နေ့မှ စတင်၍ တစ်လလုံးအတွင်း Kwun Tong ရှိ APM ၊ North Point  ရှိ Harbour North နှင့် Sha Tin  ရှိ New Town Plaza တို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါနေ့ရက်များအတွင်း ဈေးဝယ်စင်တာ (၂၄) ခုတွင် ဝယ်ယူသူများအား ဟောင်ကောင်ဒေါ်လာ (၁၀,၀၀၀) တန်ဖိုးရှိ ငွေသားဘောင်ချာများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ဈေးရောင်း ပွဲတော်(၂၃)ခု အား ဈေးဝယ်စင်တာ(၁၂)ခုတွင်ပြုလုပ်ပြီးအနည်းဆုံး ဟောင်ကောင်ဒေါ်လာ(၅၀၀) ဝယ်ယူသူများအား ဟောင်ကောင် (၃၀) မှ (၈၀)အထိ ငွေသားဘောင်ချာများ ပေးသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင် ဒေသအစိုးရမှဒေသ၌ အမြဲတမ်းနေထိုင်ခွင့်ရရှိသူများကို ဇူလိုင်လအတွင်း ဟောင်ကောင်‌ဒေါ်လာ (၁၀,၀၀၀) ပေးသွားမည်ဖြစ်ပြီး လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရန် ထုတ်ပြန်ထားခြင်းများလည်း ပြေလျော့လာပြီဖြစ်ရာ ဈေးဝယ်သူများ လာရောက်ရန် အလားအလာကောင်းများရှိကြောင်း၊ အခြားသော အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ Fortune Reit မှလည်း Apple ipads နှင့် ဟောင်ကောင်ဒေါ်လာ (၁,၀၀၀) တန်ဖိုးရှိဈေးဝယ်ခွင့် ဘောင်ချာများကို ဈေးဝယ်စင်တာ (၁၆) ခုတွင် ပေးခဲ့ကြောင်း၊ MTR Corporation ကလည်း Lohas Park ရှိ ဆိုင်ခန်းများမှ (၁၅) ရာခိုင်နှုန်းကို ဩဂုတ်လအတွင်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှ ဧပြီလအတွင်း COVID-19 ကူးစက်မှု များခဲ့မှုကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ပြင်းထန်စွာ ရိုက်ခတ်မှုဖြစ်ခဲ့ကြောင်း၊ သို့သော် မေလမှစတင်၍ လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရန် သတ်မှတ်ချက်များတဖြည်းဖြည်းချင်းဖြေ လျော့ခဲ့မှုကြောင့် လုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း၊ စီးပွားရေးကျဆင်းမှုကြောင့်နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ် အရောင်း ဆိုင်များစွာမှာ ပိတ်သိမ်းခဲ့သောကြောင့် ဆိုင်ခန်းနေရာလွတ်များ ပိုမိုများပြားခဲ့ကြောင်း၊ ဆိုင်ခန်းအရောင်းဈေးနှုန်းများမှာလည်း ၂၀၂၀ ပြည့်နှစ်၊ တတိယလေးလပတ်တွင် (၂၀) ရာခိုင်နှုန်း လျော့ကျရန်မျှော်လင့်ထားကြောင်း၊ ဈေးဆိုင်များ၏ရောင်းအားမှာ  ဒုတိယနှစ်ဝက်အတွင်း ဆက်လက် ကျဆင်းနေမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Lam Ka-sing က “SHKP Lures Shoppers with HK$ 7m Giveaway” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)