Russia

ရုရှားအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဗီဇာထုတ်ပေးမှုလွယ်ကူစေရေး လေ့လာမည်

Last Updated:

ပြည်ပစီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့်အဆင့်မြင့်ပညာရှင်များ ရုရှားနိုင်ငံသို့ ဝင်ရောက်လာသည့်အခါ ကြုံတွေ့ရသည့်အခက်အခဲများမဖြစ်ပေါ်စေရေး၊ အလုပ်လုပ်ကိုင်ခွင့်ရရှိရေးနှင့် ဗီဇာထုတ်ပေးရေးလုပ်ငန်းများ လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် အစိုးရအဖွဲ့၏အကြီးအကဲများအနေဖြင့် နိုင်ငံ၏လူဝင်မှုဥပဒေကို ယခုနှစ်၏ ဩဂုတ်လ ၁ ရက်နေ့တွင် အပြီးပြန်လည်လေ့လာသုံးသပ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားထိပ်သီးအကြီးအကဲများနှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းများအကြား ပြုလုပ်ခဲ့သည့် Business Russia အစည်းအဝေးအပြီးတွင် ညွှန်ကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးမတိုင်မီ အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ Business Russia အဖွဲ့၏ ရုရှားစီးပွားရေးသံအမတ်ဖြစ်သူ Yuri Danilov မှ သက်တမ်းထပ်မံတိုးနိုင်သည့် သုံးနှစ်သက်တမ်းရှိ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာအသစ်အား စတင်ဆောင်ရွက်နိုင်ရေး အဆိုပြုခဲ့ပါကြောင်း၊ ယခုအချိန်တွင် လက်ရှိဥပဒေအရ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သက်တမ်းတစ်နှစ်အများဆုံးရှိသည့် ဗီဇာသာရရှိနိုင်သေးကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

Source : https://ria.ru/20230630/vizy-1881543892.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

 

 

Category: Russia