India (Kolkata)

ကော်လ်ကတ္တားဆိပ်ကမ်း (Syama Prasad Mookerjee Port, Kolkata) မှကြီးမှူးကျင်းပသော အိန္ဒိယနိုင်ငံဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းဝန်ကြီးဌာန ဝန်ကြီး Sarbananda Sonowal နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ကောင်စစ်ဝန်ချုပ်တက်ရောက်

Last Updated:

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့ ကောင်စစ်ဝန်ချုပ်ဦးတင်မိုးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့(တနင်္ဂနွေနေ့) နံနက် (၁၁:၄၅) နာရီအချိန်တွင် J. W. Marriott Hotel ၌ ကော်လ်ကတ္တားဆိပ်ကမ်း (Syama Prasad Mookerjee Port, Kolkata) မှကြီးမှူးကျင်းပသော အိန္ဒိယနိုင်ငံဆိပ်ကမ်း၊ သင်္ဘောနှင့်ရေလမ်းဝန်ကြီးဌာန ဝန်ကြီး Sarbananda Sonowal နှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ဖက်အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကြသော မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံများနှင့် ဆိပ်ကမ်းအသုံးပြုမှု၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့်ကုန်းတွင်းရေကြောင်းသွားလာရေးတို့နှင့်ပတ်သက်သော အခက်အခဲနှင့်စိန်ခေါ်မှုများအား သိရှိရန်နှင့် အတူတကွအဖြေရှာနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းဝန်ကြီးဌာန ဝန်ကြီး Sarbananda Sonowal ၊ ပြည်နယ်ဝန်ကြီး Shantanu Thakur ၊ Syama Prasad Mookerjee Port, Kolkata မှ ဥက္ကဌ Shri Rathendra Raman နှင့်ဒုတိယဥက္ကဌ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် High Commissioner ရုံးတို့မှကောင်စစ်ဝန်ချုပ်များ၊ တာဝန်ခံကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် စီးပွားရေးသံမှူးတို့ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် သက်ဆိုင်ရာနိုင်ငံများအလိုက် ဆိပ်ကမ်းအသုံးပြုမှု၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ကုန်းတွင်းရေကြောင်းသွားလာရေးတို့နှင့်ပတ်သက်သော ဖြစ်ပါ်တိုးတက်မှုများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အနာဂတ်စီမံကိန်းများ၊ ကြုံတွေ့ရသော အခက်အခဲနှင့်စိန်ခေါ်မှုများအား တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး Sarbananda Sonowal ကလည်း အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းများနှင့် ဆက်ဆံရေးကောင်းမွန်ရန်၊ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားတိုးတက်ကောင်းမွန်စေရန် အစဉ်အမြဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို အတူတကွဖြေရှင်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။ အစည်းအဝေးကို ဒေသစံတော်ချိန် (၁၂:၄၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)