Russia

ရုရှားနှင့်ဂျပန်နိုင်ငံကြား ကုန်သွယ်မှုပမာဏ လျော့ကျသွားခဲ့ကြောင်း တိုကျိုမြို့ရှိ ရုရှားသံရုံးမှ ပြောကြား

Last Updated:

တိုကျို၏ အပြုသဘောမဆောင်သော ရပ်တည်ချက်ကြောင့် ရုရှားနှင့်ဂျပန်ကြား ကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမသုံးလပတ်တွင် ၄၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း သံတမန်မစ်ရှင်၏ လက်ထောက်အကြီးအကဲ Mr. Gennady Ovechko က RIA Novosti သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံရှိ စီးပွားရေးအသိုင်းအဝိုင်းများသည် ပြည်တွင်းအာဏာပိုင်များနှင့် ပြည်ပ၏ဖိအားပေးခြင်းကို ခံနေရကြောင်း၊ ကုန်သွယ်မှုတွင် အနုတ်လက္ခဏာဆောင်သော ရွေ့လျားမှုများကို မြင်တွေ့နိုင်ပါကြောင်း၊ ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်အကုန်တွင် ၈.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့်ဖြစ်ကြောင်း၊ ထို့အပြင် ရုရှားနိုင်ငံသို့ ဂျပန်တင်ပို့မှုမှာ ၄၀.၅ ရာခိုင်နှုန်းသို့ သိသိသာသာကျဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၆၇ ဘီလီယံခန့်ဖြစ်ကြောင်း Mr. Gennady Ovechko က ပြောကြား ခဲ့သည်။

ဆက်လက်၍ ဂျပန်အာဏာပိုင်များသည် ရုရှားနိုင်ငံသို့ ကုန်ပစ္စည်းအများအပြားတင်သွင်းခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံသို့ တင်ပို့မှု၏ ၄၁.၅ ရာခိုင်နှုန်းသည် မော်တော်ကားဟောင်းများဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ သွင်းကုန်များသည် ၈.၈ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅.၃၈ ဘီလီယံခန့်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်နှင့် ကုန်စည်ဈေးကွက်များတွင် ဈေးနှုန်းသက်သာသောအခြေအနေများကြောင့်ဖြစ်ကြောင်း၊ အဓိကသွင်းကုန်များမှာ သဘာဝဓာတ်ငွေ့ရည်(LNG)သည် ကုန်သွယ်မှုပမာဏ၏ ၃၄.၄ ရာခိုင်နှုန်း၊ ကျောက်မီးသွေးသည် ၂၄ ရာခိုင်နှုန်း၊ သတ္တုသည် ၁၄.၆ ရာခိုင်နှုန်းနှင့် အစားအသောက်ထုတ်ကုန်များ(အဓိကအားဖြင့် ပင်လယ်စာနှင့်ငါး)သည် ၇.၉ ရာခိုင်နှုန်းဖြစ်သော်လည်း ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် အနောက်နိုင်ငံများက ရုရှားဆန့်ကျင်ရေးအစီအမံများ တင်းကျပ်လာချိန်၌ ကုန်သွယ်မှုပမာဏ ၄၁ ရာခိုင်နှုန်းသို့ လျော့ကျသွားသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြကြောင်း Mr. Gennady Ovechko က ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုအဆင့်တွင် သိသိသာသာကျဆင်းသွားခဲ့ကြောင်း၊ မော်တော်ကားကုမ္ပဏီကြီးများဖြစ်သော Toyota၊ Nissan နှင့် Mazda တို့သည် ရုရှားနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း၊ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ တိုကျိုသည် ရုရှားဗဟိုဘဏ်၏ နိုင်ငံခြားငွေအရန်ငွေ ဝယ်ယူမှုကို ယန်း ၄-၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၀-၃၈ ဘီလီယံ) ခန့်ဖြင့် ရပ်တန့်ထားကြောင်း၊ လက်ရှိတွင် အဆက်အသွယ်များနှင့် အပြန်အလှန်ဆက်သွယ်မှုများကို အချို့နေရာများတွင်သာ ထိန်းထားနိုင်ကြောင်း Mr. Gennady Ovechko က ပြောကြားခဲ့ပါသည်။

Source : https://ria.ru/20230509/yaponiya-1870551468.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

Category: Russia