India (Kolkata)

အိန္ဒိယအဓိကကုန်တင်ဆိပ်ကမ်းများမှ ကုန်သေတ္တာများကိုင်တွယ်ထိန်းသိမ်းနိုင်သည့်ပမာဏ ယခင်နှစ်ကထက် ၃ ဒဿမ ၂ ရာခိုင်နှုန်းတိုးတက်

Last Updated:

အိန္ဒိယနိုင်ငံ၏အဓိကကုန်တင်ဆိပ်ကမ်းများမှ ကုန်သေတ္တာများကိုင်တွယ်ထိန်းသိမ်းနိုင်သည့်ပမာဏမှာ ယခင်နှစ်ကထက် ၃ ဒဿမ ၂ ရာခိုင်နှုန်းတိုးတက်လာကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ‌မေလတွင် စုစု‌ပေါင်းကုန်ချိန်မက်ထရစ်တန်သန်း‌ပေါင်း ၆၈ ဒဿမ ၀၆ တန်အထိရောက်ရှိခဲ့သည်ဟု အိန္ဒိယကုန်တင်ဆိပ်ကမ်းအသင်း(Indian Ports Association, IPA) ၏ တရားဝင်စာရင်းဇယားများ၌ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် အဓိကကုန်တင်ဆိပ်ကမ်းစုစုပေါင်း (၁၂) ခုရှိပြီး၊ ဂူဂျာရက်ပြည်နယ်  Kandla မြို့ရှိ  Deendayal ဆိပ်ကမ်း၊ မွန်ဘိုင်းဆိပ်ကမ်း၊ Gao ပြည်နယ် Mormugao ဆိပ်ကမ်း၊  New Mangalore ဆိပ်ကမ်း၊  Cochin ဆိပ်ကမ်း၊ ချနိုင်းဆိပ်ကမ်း၊ Ennore (Kamarajar) ဆိပ်ကမ်း၊ Tuticorin (V O Chidambaranar) ဆိပ်ကမ်း၊  Visakhapatnam ဆိပ်ကမ်း၊  Paradip ဆိပ်ကမ်း၊  Haldia ဆိပ်ကမ်းနှင့် ‌ကော်လ်ကတ္တားဆိပ်ကမ်း၊  Jawaharlal Nehru ဆိပ်ကမ်းတို့ပါဝင်သည်။ အဆိုပါဆိပ်ကမ်းများအနက် ဆိပ်ကမ်း(၈)ခုသို့ ကုန်‌သေတ္တာဝင်‌ရောက်မှုများပြားပြီး ကျန်ဆိပ်ကမ်း(၄)ခု၌ ကုန်‌သေတ္တာဝင်‌ရောက်မှုကျဆင်းလာခဲ့‌‌ကြောင်း ၎င်းထုတ်ပြန်‌ ကြေညာချက်၌‌ဖော်ပြထားသည်။

အဆိုပါအဓိကဆိပ်ကမ်းများအနက် Syama Prasad Mookerjee Port (SMP)၊ Haldia နှင့် ‌ကော်လ်ကတ္တားဆိပ်ကမ်းများသို့ မေလအတွင်း ကုန်သေတ္တာဝင်‌ရောက်မှုမှာ ၁၀ ဒဿမ ၀၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နှစ်အလိုက်စံချိန်တင်တိုးတက်ခဲ့ကြောင်း သိရသည်။

Kamarajar ဆိပ်ကမ်း၊ Deendayal ဆိပ်ကမ်း၊ ချနိုင်းဆိပ်ကမ်းနှင့် V O Chidambaranar ဆိပ်ကမ်းတို့သို့ ‌မေလအတွင်း ကုန်စည်ဝင်‌ရောက်မှုကျဆင်းခဲ့ပြီး၊ Kamarajar ဆိပ်ကမ်းသို့ ကုန်‌သေတ္တာဝင်‌ရောက်မှုမှာ ယခင် ၂၀၂၂ ခုနှစ် ‌မေလနှင့်နှိုင်းယှဉ်ပါက ၈ ဒဿမ ၇၅ ရာခိုင်နှုန်းအထိ အများဆုံးလျော့နည်းကျဆင်းခဲ့‌ကြောင်း အိန္ဒိယကုန်တင်ဆိပ်ကမ်းအသင်း (Indian Ports Association, IPA) က ‌ဖော်ပြခဲ့‌‌ကြောင်း သိရသည်။

ဇစ်မြစ်။ Trade Promotion Council of India

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)