Japan

ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်း(Current Account) ပိုငွေပြမှု သိသိသာသာကျဆင်း

Last Updated:

ယန်းငွေတန်ဖိုးကျဆင်းခြင်းနှင့် တင်သွင်းလောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏စာရင်းရှင်စာရင်း ပိုလျှံမှုမှာ ထက်ဝက်ကျော်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ အဆိုပါစာရင်းရှင်စာရင်းသည် ဂျပန်နိုင်ငံနှင့်အခြားသော ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်မှု၏ အဓိကညွှန်းကိန်းတစ်ခုဖြစ်ပါသည်။

၂၀၂၂ ဘဏ္ဍာနှစ်တွင် စာရင်းရှင်စာရင်းပိုလျှံမှုမှာ ၉.၂ ထရီလီယံယန်း(အမေရိကန် ဒေါ်လာ ၆၉ ဘီလီယံဒေါ်လာနီးပါး)ရှိခဲ့ကြောင်း အဆိုပါပိုလျှံမှုပမာဏမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၀.၉ ထရီလီယံ ယန်း (အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံနီးပါး) ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

 ယန်းငွေတန်ဖိုးလျင်မြန်စွာကျဆင်းနေခြင်းကြောင့် သွင်းကုန်များတင်သွင်းရာတွင် ပိုမို၍ ကုန်ကျစရိတ်များပြားလာစေကြောင်း၊ နိုင်ငံ၏ကုန်သွယ်မှုလိုငွေမှာလည်း ယန်း ၁၈ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၃၄ ဘီလီယံနီးပါး)ဖြင့် အမြင့်ဆုံးစံချိန်တင်ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

သို့သော်လည်း ပြည်ပတွင်ရင်းနှီးမြှုပ်နှံကြသည့် ဂျပန်ကုမ္ပဏီများအနေဖြင့် အတိုးနှင့်အမြတ်ခွဲဝေမှုမှ ယန်း ၃၅.၅ ထရီလီယံ(အမေရိကန် ဒေါ်လာ ၂၆၅ ဘီလီယံ) အကျိုးအမြတ်ရရှိခဲ့ပြီး မူလဝင်ငွေပိုလျှံမှုများ စံချိန်တင်များပြားခဲ့ခြင်း၊ စွမ်းအင်နှင့်သဘာဝအရင်းအမြစ်များဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် အိမ်ခြံမြေဈေးမှာလည်းမြင့်တက်ခဲ့ပြီး အကျိုးအမြတ်များစွာရရှိခဲ့ခြင်းတို့ကြောင့် နိုင်ငံ၏စာရင်းရှင်စာရင်း(Current Account) ပိုငွေပြမှုဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: NHK World Japan (11-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

Category: Japan