Singapore

အွန်လိုင်းစနစ်ဖြင့် အစည်းအဝေးများကျင်းပနိုင်မည့် Companies, Business Trusts and Other Bodies(Miscellaneous Amendments) Act 2023 ကို လွှတ်တော်တွင် အတည်ပြုခြင်း

Last Updated:

စင်ကာပူနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနနှင့် Accounting and Corporate Regulatory Authority (ACRA)တို့၏ ကုမ္ပဏီအက်ဥပဒေ ၁၉၆၇(The Company Act 1967) ကို ပြန်လည်ဆန်းစစ်မှုအရ The Companies, Business Trusts and Other Bodies (Miscellaneous Amendments) Act 2023 ကို ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် လွှတ်တော်က အတည်ပြုခဲ့ပါသည်။ အဆိုပါအက်ဥပဒေပါပြင်ဆင်ချက်များမှာ ဈေးကွက်ယုံကြည်မှုကိုမြှင့်တင်ရန်နှင့် အများပြည်သူအကျိုးစီးပွားကို အကာအကွယ်ပေးရာတွင် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သည့် ဝန်းကျင်တည်ဆောက်ရန် ရည်ရွယ်ပါသည်။

ကုမ္ပဏီများအနေဖြင့် အွန်လိုင်းစနစ်ဖြင့်အစည်းအဝေးများ(Virtual Meetings)ပြုလုပ်နိုင်စေရန် အက်ဥပဒေကို ပြင်ဆင်ခြင်းဖြစ်ပါသည်။ ၎င်းပြင်ဆင်ချက်နှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် အစည်းအဝေးများကို အွန်လိုင်းစနစ်(Virtual) သို့မဟုတ် လူကိုယ်တိုင်တက်ရောက်ခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်တက်ရောက်ခြင်း (Hybrid)ပုံစံဖြင့် ပြုလုပ်နိုင်ခြင်းဆိုသည့်အချက်ထည့်သွင်း၍ Business Trusts Act 2004၊ Variable Capital Companies Act 2018 နှင့် Singapore Labour Foundation Act 1977 တို့ကိုပါ ပြင်ဆင်ခြင်းလည်းဖြစ်ပါသည်။

အက်ဥပဒေကိုပြင်ဆင်ခြင်းဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို ပိုမိုလွယ်ကူချောမွေ့စေခြင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုလွယ်ကူချောမွေ့စေခြင်းကိုမြှင့်တင်နိုင်ခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ မူဘောင်ကို အားကောင်းစေခြင်း စသည့်အကျိုးကျေးဇူးများရရှိရန် ရည်ရွယ်ပါသည်။ အွန်လိုင်းစနစ်ဖြင့် အစည်းအဝေးပြုလုပ်ခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အသက်ဝင်မည်ဖြစ်ပါသည်။

အက်ဥပဒေ၏ အဓိကပြောင်းလဲချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို ပိုမိုလွယ်ကူချောမွေ့စေခြင်း

အဓိကပြောင်းလဲမှုများ

ပြင်ဆင်ရသည့်အကြောင်းအရင်း

ကုမ္ပဏီအစည်းအဝေးများကို အွန်လိုင်းစနစ်(Virtual) သို့မဟုတ် လူကိုယ်တိုင်တက်ရောက် ခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခြင်း(Hybrid)ပုံစံဖြင့် ကျင်းပခွင့်ပြုခြင်း

အစည်းအဝေးများကို အွန်လိုင်းစနစ်(Virtual) သို့မဟုတ် လူကိုယ်တိုင်တက်ရောက်ခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခြင်း (Hybrid) ပုံစံဖြင့် ကျင်းပရာတွင် ရှယ်ယာရှင်များ၏အခွင့်အရေးကို ထိခိုက်မှုမရှိစေဘဲ ရိုးရှင်းလွယ်ကူကာ အဆင်ပြေစေရန်

အီလက်ထရောနစ်နည်းလမ်းဖြင့် ပေးပို့သည့်ညွှန်ကြားချက်များကို ကုမ္ပဏီများ အနေဖြင့် လက်ခံရန်လိုအပ်ခြင်း

ရှယ်ယာရှင်များအနေဖြင့် ကိုယ်စားမဲပေးရန် ကိုယ်စားလှယ်များ ခန့်အပ်ရာတွင် ပိုမိုလွယ်ကူစေခြင်းဖြင့် ရှယ်ယာရှင်များ၏ ပါဝင်မှုကို အားပေးရန်

          စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုလွယ်ကူချောမွေ့စေခြင်းကို မြှင့်တင်နိုင်ခြင်း

အဓိကပြောင်းလဲမှုများ

ပြင်ဆင်ရသည့်အကြောင်းအရင်း

ကုမ္ပဏီအက်ဥပဒေပုဒ်မ ၁၈၁(၁ ခ)ပါပြဋ္ဌာန်းချက်ကို ဖြုတ်ခြင်းဖြင့် အစည်းအဝေးများတွင် ကိုယ်စားမဲပေးနိုင်သည့် နည်းလမ်းများကို အသုံးပြုခြင်း

အစည်းအဝေးများတွင် အကျိုးအမြတ်ရရှိနိုင်သည့် ရှယ်ယာရှင်များကို မဲပေးခွင့်ပေးရန်နှင့် သက်ဆိုင်ရာ ကြားခံကိုယ်စားလှယ်များကို ကိုယ်စားမဲပေးခွင့်ရှိသည့် ကိုယ်စားလှယ်များ ခန့်အပ်ခွင့်ပေးထားသည့် အစည်းအဝေးများတွင် ကိုယ်စားမဲပေးခွင့်ရှိသူများကို ဆက်ဆံရာ၌ ကျိုးကြောင်းညီညွတ်မှုရှိစေရန်

ပထမအကြိမ် ပြစ်မှုကျူးလွန်သူများအတွက် အလိုအလျောက် အရည်အသွေးမပြည့်မီသည့် ကာလကို ၅ နှစ်မှ ၃ နှစ်အထိ လျှော့ချခြင်း၊ တရားရုံးချုပ်မှ ထွက်ခွာခွင့်တောင်းနိုင်သည့် ဒါရိုက်တာ၏အခွင့်အရေးအပြင် ကုမ္ပဏီများ၏ စည်းမျဉ်းထိန်းသိမ်းသူကို အရည်အသွေးမပြည့်မီသည့် ဒါရိုက်တာများကို ထုတ်ပယ်ခွင့်ပေးခြင်းအပါ အဝင် ကုမ္ပဏီအက်ဥပဒေပုဒ်မ ၁၅၅ (က) အရ အရည်အသွေးမပြည့်မီမှုအတွက် စည်းမျဉ်းကို မြှင့်တင်ခြင်း

  • ပထမအကြိမ် အရည်အသွေးမပြည့်မီသည့် ဒါရိုက်တာများအတွက် အရည်အသွေး မပြည့်မီသည့် ကာလကို ၃ နှစ်သို့ လျှော့ချလိုက်ခြင်းဖြင့် ဒါရိုက်တာ၏အပြစ်ရှိမှုကို ပိုမိုထင်ဟပ်စေရေး အရည်အသွေးမပြည့်မီသည့်ကာလကို ချိန်ညှိရန်(ထပ်ခါထပ်ခါ အရည်အသွေး မပြည့်မီသည့်ဒါရိုက်တာများအတွက် အရည်အသွေးမပြည့်မီသည့် ကာလ ၅ နှစ်သက်မှတ်ချက်ကို ဆက်လက် ထားရှိမည်)
  • အရည်အသွေးမပြည့်မီသည့်ဒါရိုက်တာများ ကုမ္ပဏီမှ ထွက်ရန်အတွက် ပိုမိုအကျိုးရှိမည့် အခြားသောနည်းလမ်းကို ထောက်ပံ့ပေးရန်

လုပ်ထုံးလုပ်နည်းဆိုင်ရာမူဘောင်ကို အားကောင်းစေခြင်း

အဓိက ပြောင်းလဲမှုများ

ပြင်ဆင်ရသည့် အကြောင်းအရင်း

ကုမ္ပဏီအက်ဥပဒေပုဒ်မ ၂၁၅ အရ မဖြစ်မနေသိမ်းယူခြင်းအတွက် ၉၀ ရာခိုင်နှုန်း သတ်မှတ်ချက်တွက်ချက်ခြင်းမှ ကမ်းလှမ်းသူနှင့်ဆက်စပ်နေသည့် ပုဂ္ဂိုလ်ပိုင်ဆိုင်သည့် ရှယ်ယာများကိုဖယ်ထုတ်ခြင်း

အနည်းစုရှယ်ယာပိုင်ဆိုင်သူများကို ပိုမိုအကာအကွယ်ပေးရန်

ကုမ္ပဏီ/နိုင်ငံခြားကုမ္ပဏီများ၏ အရှုံးအမြတ်ငွေစာရင်းများနှင့် သက်ဆိုင်သည့်ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်သို့ တိုးမြှင့်ခြင်း(လိမ်လည်ရန်ရည်ရွယ်ချက်မရှိလျှင် အမြင့်ဆုံးဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၅၀,၀၀၀.၀၀၊ လိမ်လည်ရန် ရည်ရွယ်ချက်ဖြစ်ပါက အမြင့်ဆုံးဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၅၀,၀၀၀.၀၀ နှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်နှင့် ထောင်ဒဏ် ၂ ရပ်လုံး)

ပြစ်မှု၏ပြင်းထန်မှုနှင့် မှားယွင်းစွာဆောင်ရွက်နေမှုများကို ဟန့်တားရန်အတွက် ပြစ်ဒဏ်ကို အမြင့်ဆုံးဖြစ်စေရေး ပြင်ဆင်ရန်

ရင်းမြစ်။        Accounting and Corporate Regulatory Authority, Singapore

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

 
Category: Singapore