Singapore

အင်ဒိုနီးရှားနိုင်ငံ၏ ဧပြီလကုန်သွယ်မှုပိုလျှံငွေက ပို့ကုန်သွင်းကုန်ကျဆင်းမည့် ခန့်မှန်းချက်အပေါ် သက်ရောက်မှု

Last Updated:

အဓိကကုန်စည်များဖြစ်သည့် စားအုန်းဆီ၊ ကျောက်မီးသွေးဈေးနှုန်းများ ကျဆင်းနေပြီး ပို့ကုန်သွင်းကုန်ပမာဏကျဆင်းနေသည့်အချိန်တွင်ပင် အင်ဒိုနီးရှားနိုင်ငံ၏ ဧပြီလကုန်သွယ်မှုပိုလျှံငွေမှာ မျှော်မှန်းထားသည်ထက် အနည်းငယ်ပိုခဲ့ပါသည်။ အရှေ့တောင်အာရှစီးပွားရေးအင်အားကြီးနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာမှုသည် ကမ္ဘာလုံးဆိုင်ရာကုန်စည်တိုးတက်လာမှုကြောင့်ဖြစ်ပါသည်။ ကုန်စည်ဈေးနှုန်းကျဆင်းခြင်းသည် နိုင်ငံ၏ ကုန်သွယ်မှုပိုလျှံငွေကို လျော့ကျနိုင်စေကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သတိပေးပြောကြားခဲ့ပါသည်။

စာရင်းအင်းဗျူရိုက ၁၅-၅-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်သည့်အချက်အလက်များအရ ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ၂၉.၄ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၉.၂၉ ဘီလီယံ ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုသို့ကျဆင်းမှုနှုန်းမှာ Refinitiv Eikon ၏ အချက်အလက်များအရ ၂၀၀၉ ခုနှစ် အစောပိုင်းကာလနောက်ပိုင်း အများဆုံးကျဆင်းမှုနှုန်းဖြစ်ပါသည်။ ကျောက်မီးသွေးနှင့် စားအုန်းဆီသင်္ဘောတင်မှုနှုန်းမှာ ကျဆင်းမှုအများဆုံးဖြစ်ပြီး ၎င်းတို့၏ဈေးနှုန်းမှာလည်း ၄၀ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပါသည်။ အမေရိကန်ဒေါ်လာ ၃.၉၄ ဘီလီယံတွင် နိုင်ငံ၏ကုန်သွယ်မှုပိုလျှံငွေမှာ စစ်တမ်း၏ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၃.၃၈ ဘီလီယံဖြင့် ထိပ်ဆုံးမှရပ်တည်လျက်ရှိပြီး သွင်းကုန်မှာ သိသိသာသာကျဆင်းခဲ့ပါသည်။

ဧပြီလ၏ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅.၃၅ ဘီလီယံဖြစ်ပြီး ယခင်နှစ်ကထက် ၂၂.၃၂ ရာခိုင်နှုန်းကျဆင်းခဲ့ကာ အနီးဆုံး ၃ နှစ်တာကာလအတွင်း ကျဆင်းမှုနှုန်းအမြင့်ဆုံးဖြစ်ပါသည်။ စစ်တမ်းတွင် ပါဝင်ခဲ့သည့်လေ့လာဆန်းစစ်သူများက ၇.၈၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ခန့်မှန်းထားပါသည်။ Trimegah Securities မှစီးပွားရေးပညာရှင် Fakhrul Fulvian က ဧပြီလ၏ ကုန်သွယ်မှုအချက်အလက်သည် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒဖြေလျှော့မှုအတွက် တွန်းအားဖြစ်စေကြောင်း၊ Bank Indonesia (BI) အနေဖြင့် စက်တင်ဘာလ သို့မဟုတ် ဩဂုတ်လတွင် ငွေကြေးမူဝါဒပြောင်းလဲခြင်းများ၊ အတိုးနှုန်းလျှော့ချခြင်းများကို စတင်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Bank Indonesia (BI) က ဩဂုတ်လမှ ဇန်နဝါရီလအတွင်း ငွေကြေးဖောင်းပွမှုကို တားဆီးရန်အတွက် အတိုးနှုန်းကို အခြေခံနှုန်း ၂၂၅ သို့ မြှင့်ခဲ့ပါသည်။ ဧပြီလတွင် Eid al-Fitr ပိတ်ရက်များကြောင့် အလုပ်လုပ်ရက်နည်းပါးသည့်အတွက် ပို့ကုန်သွင်းကုန်တွင် ကျဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ စာရင်းအင်းဗျူရိုဒုတိယခေါင်းဆောင် Mr. Imam Machdi က ပြောကြားခဲ့ပါသည်။ စာရင်းအင်းဗျူရိုက မတ်လကုန်သွယ်မှုပိုလျှံငွေကို အမေရိကန်ဒေါ်လာ ၂.၈၃ ဘီလီယံအဖြစ် ပြင်ဆင်ခဲ့ပါသည်။

ရင်းမြစ်။        The Business Times

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore