India (Kolkata)

အိန္ဒိယကုန်သည်များအသင်းချုပ် (ICC) မှ ကြီးမှူးကျင်းပသော The 2nd East Energy Conclave 2023 သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား စီးပွားရေးသံမှူးတက်ရောက်

Last Updated:

အိန္ဒိယကုန်သည်များအသင်းချုပ် (ICC) မှကြီးမှူး၍ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့ဖက်စွမ်းအင်ဆိုင်ရာဆွေးနွေးပွဲ(The 2nd East Energy Conclave 2023) ကို ၂၀၂၃ ခုနှစ်၊ ‌‌‌‌မေလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊   ကော်လ်ကတ္တားမြို့ The Park Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား မြန်မာစီးပွားရေးသံမှူးတက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို သိရှိနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အနောက်ဘင်္ဂလားပြည်နယ်အစိုးရ လျှပ်စစ်စွမ်းအား၊ လူငယ်ရေးရာ၊ အားကစားနှင့် အိုးအိမ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး Shri Aroop Biswas၊ အိန္ဒိယနိုင်ငံအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ယခင်ဝန်ကြီးဟောင်း Mr. Anil Razdan ၊ RPSG Group of Companies (HR-Power Group) ၏ဥက္ကဋ္ဌ Mr. Gautam Ray ၊ Bhavika Commercial Pvt Ltd ၏ ဦးဆောင်ညွှန်ကြားရေးမှူးချုပ် Mr. Tanmoy Kumar Banerjee ၊ Fenasia Ltd & Honorary CG, Cuba မှ ညွှန်ကြားရေးမှူး Mr. Naresh Juneja၊ Eastern Region Load Despatch Centre မှ အမှုဆောင်ညွှန်ကြားရေးမှူး  Mr. Rajib Sutradhar နှင့်အိန္ဒိယနိုင်ငံကုန်သည်အသင်းချုပ် ညွှန်ကြားရေးမှူးချုပ်  Dr. Rajeev Singh တို့အပါအဝင် ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ၏ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားကဏ္ဍ၏ လတ်တလောဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်းများ၊ တစ်နေ့တစ်ခြားကြီးထွားလာလျက်ရှိသော စွမ်းအင်လိုအပ်ချက်ပြည့်မှီအောင်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲနှင့်စိန်ခေါ်မှုများ၊ အိန္ဒိယနိုင်ငံသည် နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့်အတူ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၌ အတူတကွပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ အစိုးရ၏မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်မည့်စီမံကိန်းများ၊ ပုဂ္ဂလိကကဏ္ဍ၏ ဆောင်ရွက်ချက်များ၊ ရုပ်ကြွင်းလောင်စာများမှ ရုပ်ကြွင်းမဟုတ်သော လောင်စာများဆီသို့ အမြန်ဆုံးကူးပြောင်းသုံးစွဲနိုင်ရေးကိစ္စ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ၊ ကိရိယာပစ္စည်းသစ်များသုံးစွဲရေး၊ e-mobility ကဏ္ဍ၊ အခြေခံအဆောက်အအုံများခိုင်မာအားကောင်းရေးစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)