Japan

ဂျပန်နိုင်ငံ၏ ကြွေးမြီများ စံချိန်တင်မြင့်တက်လျက်ရှိ

Last Updated:

ဂျပန်အစိုးရအနေဖြင့် အစိုးရငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်း၊ အများပြည်သူသို့ ချေးငွေများထုတ်ချေးခြင်း၊ ဘဏ္ဍာငွေပံ့ပိုးမှုများဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့ကြွေးမြီစုစုပေါင်းမှာ ၂၀၂၃ ခုနှစ်၊ မတ်လကုန်တွင် ဂျပန်ယန်း ၁,၂၇၀ ထရီလီယံသို့ စံချိန်တင်ရောက်ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မတ်လကုန်နှင့်နှိုင်းယှဉ်ပါက ဂျပန်ယန်း ၂၉.၂ ထရီလီယံမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကုန်စည်ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခဲ့ခြင်းတို့ကို တုံ့ပြန်နိုင်ရေးအတွက် ဘဏ္ဍာရေးပံ့ပိုးမှုများဆောင်ရွက်ခဲ့ရခြင်းတို့ကြောင့် နိုင်ငံ့ကြွေးမြီမှာ ၇ နှစ် ဆက်တိုက်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလရှိ ဂျပန်နိုင်ငံ၏လူဦးရေ ၁၂၂ သန်းကိုအခြေခံ၍ တွက်ချက်မည်ဆိုပါက နိုင်ငံသားများအနေဖြင့် တစ်ဦးလျှင် ကြွေးမြီယန်း ၁၀.၄ သန်းကျော်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၂ ခုနှစ်တွင် တစ်ဦးကျကြွေးမြီမှာ ပထမဆုံးအနေဖြင့် ယန်း ၁၀ သန်းကျော်လွန်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ကြွေးမြီပိုမိုထူပြောလာသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

နိုင်ငံ့ကြွေးမြီများ နှစ်စဉ်မြင့်တက်လာရခြင်းမှာ အစိုးရ၏ငွေတိုက်စာချုပ်များ ထုတ်ရောင်းမှုဖြင့် ချေးယူထားသည့်ပမာဏမှာ ယန်း ၃၁.၇ ထရီလီယံမှ ယန်း ၁၁၃၆ ထရီလီယံထိ ရောက်ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်အစိုးရအနေဖြင့် General Bonds အတွက် ရယူထားသည့် အာမခံငွေများအတွက် ပြန်လည်ပေးအပ်ရမည့် ငွေကြေးပမာဏမှာလည်း  ယန်း ၁၀၂၈ ထရီလီယံအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။     

ဂျပန်အစိုးရ၏ အစိုးရငွေတိုက်စာချုပ်အမျိုးအစား (Japanese Government Bonds-GJB) ကို General Bonds ၊ Fiscal Investment and Loan Program Bonds နှင့် Subsidy Bonds ဟူ၍ အဓိကအားဖြင့် (၃)မျိုးခွဲခြားထားပြီး General Bonds မှာ အစိုးရကဆောင်ရွက်သည့် အခြေခံအဆောက်အဦစီမံကိန်းများအတွက် လုပ်ငန်းရှင်ကထားရှိရသည့် အာမခံများနှင့် Debt Financing Bonds များဖြစ်ပြီး၊ Fiscal Investment and Loan Program Bonds မှာ ဘဏ္ဍာရေးဆိုင်ရာ ချေးငွေရန်ပုံငွေအတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများ မြှင့်တင်နိုင်ရန်ဖြစ်ပါသည်။

Source: Nippon.com (May 25, 2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan