Russia

ရုရှားတွင် ရာသီအလိုက် လယ်ယာလုပ်ငန်းအတွက် ချေးငွေ ၄ ရာခိုင်နှုန်းတိုးလာ

Last Updated:

ရုရှားနိုင်ငံတွင် ရာသီအလိုက်လယ်ယာလုပ်ငန်းအတွက် ချေးငွေပမာဏသည် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့အထိ အဆိုပါချေးငွေသည် ရူဘယ် ၅၁၃.၉ ဘီလီယံအထိရှိခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ဇွန်လ ၂၀ ရက်နေ့အထိ အဓိကဘဏ်များက ရာသီအလိုက်လယ်ယာလုပ်ငန်းများအတွက် ထုတ်ပေးထားသော ချေးငွေစုစုပေါင်းပမာဏသည် ရူဘယ် ၅၁၃.၉ ဘီလီယံဖြစ်ကြောင်း၊ ၎င်းသည် ယခင်နှစ်အလားတူကာလထက် ၄ ရာခိုင်နှုန်းပိုများကြောင်း၊ အထူးသဖြင့် Rosselkhozbank (စိုက်ပျိုးရေးဘဏ်)သည် ရူဘယ် ၃၅၁.၅ ဘီလီယံနှင့် Sberbank (အစိုးရဘဏ်)သည် ရူဘယ် ၁၆၂.၄ ဘီလီယံအသီးသီးထုတ်ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏အစီရင်ခံစာတွင် ယခင်နှစ်အလားတူကာလတွင် အဆိုပါစိုက်ပျိုးရေးလုပ်ငန်းများအား ထုတ်ပေးခဲ့သော ချေးငွေပမာဏမှာ ရူဘယ် ၄၉၃.၇ ဘီလီယံဖြစ်ကြောင်း၊ အဆိုပါချေးငွေတွင် Rosselkhozbank ဘဏ်သည် ရူဘယ် ၃၃၅.၄ ဘီလီယံ နှင့် Sberbank ဘဏ်သည် ရူဘယ် ၁၅၈.၃ ဘီလီယံ သီးသီးထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Source : https://tass.ru/ekonomika/18121531

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: Russia