Russia

ရုရှားအစိုးရသည် ဓာတ်မြေသြဇာများ တင်ပို့မှုအတွက် ခွဲတမ်းတိုးမြှင့်သတ်မှတ်ထား

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရသည် ဓာတ်မြေသြဇာတန်ချိန် ၁၆ ဒသမ ၃ သန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိတင်ပို့ရန် ခွဲတမ်းသတ်မှတ်ထားခြင်းအား ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin က အမိန့်အမှတ် ၈၂၁ ဖြင့် အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးများ အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပို့ကုန်ခွဲတမ်းစုစုပေါင်းပမာဏမှာ တန်ချိန် ၁၆ ဒသမ ၃ သန်းကျော်ရှိမည်ဖြစ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအကြား ပမာဏခွဲဝေမှုကို စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်တွင် ဓာတ်မြေသြဇာအလုံအလောက်ရရှိစေရန် ဆောင်ရွက်ပေးထားပြီး ယူရီးယား၊ အမိုနီယမ်နိုက်ထရိတ်၊ NPK ဓာတ်မြေသြဇာနှင့် အမိုနီယမ်ဖော့စဖိတ်တို့အတွက် လက်ရှိတင်ပို့မှုခွဲတမ်းကို တန်ချိန် ၂ သန်းနီးပါးတိုးမြှင့်လိုက်ကြောင်း ဖော်ပြထားသည်။

ရုရှားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဓာတ်မြေသြဇာများ တစ်ဖြည်းဖြည်းပြန်လည်တိုးမြှင့်ရောင်းချနေပြီး တင်ပို့မှုစံချိန်တင်မြင့်မားသည့် ၂၀၂၁ ခုနှစ်သို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း၊ ကမ္ဘာ့စျေးကွက်တွင် ဓာတ်မြေသြဇာဈေးနှုန်း ကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ စျေးကွက်ပြန်လည်ဦးမော့လာခြင်းကြောင့်ဖြစ်ပြီး ပို့ကုန်ကဏ္ဍတွင် ရုရှားနိုင်ငံသည် တန်ချိန် ၃၈ သန်းအထိ သေချာပေါက်ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ရုရှားဓာတ်မြေသြဇာထုတ်လုပ်သူများအသင်း (Russian Fertilizer Producers Association-RAPU) အကြီးအကဲက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Source :  http://government.ru/news/48590/

               https://tass.ru/ekonomika/17867361

               https://www.rt.com/business/576882-russia-fertilizer-exports-record-sanctions/

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia