Russia

ရုရှားနှင့် ကုန်သွယ်မှုအခွင့်အလမ်းများကို ရှာဖွေနေကြောင်း ဖိလစ်ပိုင်သံအမတ်ကြီး ပြောကြား

Last Updated:

ပိတ်ဆို့အရေးယူမှုများကြောင့် SWIFT စနစ်ကို အသုံးပြုရန် အခက်အခဲများကြားတွင် ဖိလစ်ပိုင်နိုင်ငံသည် ရုရှားနှင့်ကုန်သွယ်မှုအခွင့်အလမ်းများကို ရှာဖွေလျက်ရှိကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Mr. Igor Bailen က RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့သည်။

လက်ရှိအခြေအနေအရ ရုရှားနှင့်ဖိလစ်ပိုင်ကြား ကုန်ပစ္စည်းများကုန်သွယ်မှုနှင့် ဝန်ဆောင်မှုပေးဆောင်မှုတွင် ကြုံတွေ့နေရသောအခက်အခဲများမှာ SWIFT စနစ်၏ပြဿနာသည် တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ငွေပေးချေမှုတွင် ပြဿနာများရှိနေကြောင်း၊ သို့သော် ရုရှားနှင့်ကုန်သွယ်မှုပြုနေဆဲ ဒေသတွင်းနှင့်ကမ္ဘာတစ်ဝှမ်းမှ အခြားနိုင်ငံများကဲ့သို့ ဖိလစ်ပိုင်သည် နိုင်ငံအချင်းချင်းကုန်သွယ်မှုကို ပံ့ပိုးပေးရန်အတွက် အသုံးပြုနိုင်သည့်ငွေပေးချေမှုစနစ် နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ရုရှားအပေါ် ဥရောသမဂ္ဂ(EU)၏ပိတ်ဆို့အရေးယူမှုတွင် ပါဝင်မည် သို့မဟုတ် အခြားနည်းလမ်းဖြင့် ထောက်ခံမည်ဟု မထင်ကြောင်း သံအမတ်ကြီးက ပြောကြား ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကိုယ်စားလှယ်အဖွဲ့သည် ဇွန်လတွင် ကျင်းပမည့် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား တက်ကြွသော စီးပွားရေးဆက်ဆံမှုများကို အတည်ပြုမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

လောင်စာဆီနှင့် အခြားအဓိကကုန်ပစ္စည်းများဝယ်ယူရန် ရုရှားနှင့်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ Mr. Ferdinand Marcos Jr. က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ပြောကြားခဲ့သည်။

Source :  https://www.kommersant.ru/doc/6012315

              https://ria.ru/20230528/filippiny-1874618609.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: Russia