Russia

ရုရှားနှင့် ဂျပန်တို့ကြား ကုန်သွယ်မှုတန်ဖိုးသည် ဖေဖော်ဝါရီလတွင် ၁၆.၅ ရာခိုင်နှုန်းကျဆင်းခဲ့

Last Updated:

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနှင့်ဂျပန်ကြား ကုန်သွယ်မှုပမာဏသည် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၆.၅ ရာခိုင်နှုန်းကျဆင်းသွားပြီး ယန်း ၁၀၄.၁ ဘီလီယံ(ကန်ဒေါ်လာ ၆၉၀ သန်းခန့်)ရှိကြောင်း၊ ဂျပန်မှ ရုရှားသို့ တင်ပို့မှု ၃၃.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရုရှားမှ ဂျပန်သို့ တင်သွင်းမှု ၁၀.၂ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့်အချက်အလက်များအရ သိရှိရပါသည်။

ဂျပန်နိုင်ငံမှ ရုရှားသို့ ဆေးဘက်ဆိုင်ရာထုတ်ကုန်များတင်ပို့မှု ၉၄.၂ ရာခိုင်နှုန်း၊ လူစီးမော်တော်ယာဉ်များ-၄.၅ ရာခိုင်နှုန်း(၁၄,၃၁၇ စီး)၊ မော်တော်ယာဉ်အပိုပစ္စည်းများ-၃၇.၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ ရုရှားမှ ဂျပန်သို့ ကောက်ပဲသီးနှံတင်သွင်းမှုသည် ၈၂.၇ ရာခိုင်နှုန်း၊ သစ်သီးဝလံ - ၉၆.၇ ရာခိုင်နှုန်း၊ ရေနံ-၉၄.၈ ရာခိုင်နှုန်း၊ ကျောက် မီးသွေး - ၃၁.၇ ရာခိုင်နှုန်း၊ သံမဟုတ်သောသတ္တုများ – ၄၃ ရာခိုင်နှုန်းနှင့် သံမဏိသတ္တုရိုင်းများ - ၉၅.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံသည့်ကာလတွင် ရုရှားမှ ဂျပန်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)တင်သွင်းမှုသည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်း၊ ငါးနှင့်ရေထွက်ကုန်များတင်သွင်းမှုသည် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် ဂျပန်ကြား ကုန်သွယ်မှုပမာဏသည် ၄၅.၃ ရာခိုင်နှုန်း တန်ဖိုး ၁.၄၃ ထရီလီယံ(အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံခန့်) ကျဆင်းသွားခဲ့သည်။ ဂျပန်နိုင်ငံသို့ ရုရှားလောင်စာဆီတင်သွင်းမှုလျှော့ချခြင်းနှင့် ဂျပန်ထုတ်ကုန်များ အဓိကအားဖြင့် မော်တော်ကားများ ရုရှားသို့ တင်ပို့မှုကျဆင်းလာခြင်းတို့ကြောင့် အပြန်အလှန်ကုန်သွယ်မှုကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source :    https://www.kommersant.ru/doc/6581094

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia