Russia

ရုရှားနိုင်ငံမှ ရေနံတင်ပို့မှုအပေါ် တစ်တန်လျှင် အခွန် ၁၄.၄ ဒေါ်လာအထိ တိုးမြှင့်မည်ဖြစ်

Last Updated:

ရုရှားနိုင်ငံမှ ရေနံနှင့်ရေနံထွက်ကုန်ကြမ်းများတင်ပို့မှုအပေါ် အခွန်ကောက်ခံမှုသည် မေလ ၁ ရက်မှစ၍ တစ်တန်လျှင် ၁၄.၄ ဒေါ်လာသို့ ၁၀ ဆင့်(Cent) တိုးလာကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၁၄ ရက်နေ့အထိကာလအတွက် Urals ရေနံ၏ ပျမ်းမျှစျေးနှုန်းမှာ ရေနံတစ်စည်လျှင် ၅၁.၁၅ ဒေါ်လာ သို့မဟုတ် တစ်တန်လျှင် ၃၇၃.၄ ဒေါ်လာဖြစ်ကြောင်း၊ ရုရှားပို့ကုန်အမှတ်တံဆိပ်၏ ရေနံတစ်စည်သည် ၅၀.၈ ဒေါ်လာဖြစ်ကြောင်း သိရှိရသည်။

အပေါ့စားရေနံထွက်ပစ္စည်းနှင့် လောင်စာဆီတင်ပို့မှုအတွက် အခွန်ပမာဏမှာ တစ်တန်လျှင် ၄.၂ အမေရိကန်ဒေါ်လာဖြစ်ကြောင်း၊ စီးပွားဖြစ်လောင်စာဆီတင်ပို့မှုအတွက် အခွန်ပမာဏမှာ ၄.၃ ဒေါ်လာဖြစ်ကြောင်း၊ သန့်စင်ပြီးအခြေခံရေနံထွက်ပစ္စည်းတင်ပို့မှုအတွက် အခွန်ပမာဏမှာ ၇.၉ ဒေါ်လာဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည်နှင့်သန့်စင်သော LPG ဓာတ်ငွေ့ရည်တင်ပို့မှုအတွက် အခွန်ပမာဏသည် မေလ ၁ ရက်မှစ၍ မပြောင်းလဲဘဲ သုညအတိုင်းသာရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

Source: https://ria.ru/20230501/poshlina-1868923620.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia