Russia

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရုရှားဖက်ဒရယ်ဘတ်ဂျက်ဝင်ငွေသည် ဇန်နဝါရီလတွင် ၅၈.၇ ရာခိုင်နှုန်းတိုးလာ

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရုရှားဖက်ဒရယ်ဘတ်ဂျက်ဝင်ငွေသည် ရူဘယ် ၆၇၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံ)ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅၈.၇ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ၀င်ငွေသည် ရူဘယ် ၆၇၅ ဘီလီယံရှိကာ ယခင်နှစ် အလားတူကာလထက် သိသိသာသာကျော်လွန်သွားခြင်းမှာ အဓိကအားဖြင့် ရုရှားရေနံဈေးနှုန်းများ မြင့်တက်မှုကြောင့်ဖြစ်ကြောင်း၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက်၏ အတိုင်းအတာများနှင့်အညီ လာမည့်လများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ၀င်ငွေများသည် ၎င်းတို့၏အခြေခံပမာဏထက် တစ်ဖြည်းဖြည်းပိုမိုများပြားလာမည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သော ၀င်ငွေသည် ရူဘယ် ၁.၇၂၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၈.၉ ဘီလီယံ)သို့ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈၄.၈ ရာခိုင်နှုန်းတိုးလာခဲ့သည်။

Source :    https://tass.ru/ekonomika/19919207

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia