Russia

ရုရှားနိုင်ငံသို့ ၂၀၂၄ ခုနှစ်တွင် ကြက်သားတန်ချိန် ၁၆၀,၀၀၀ အထိ အခွန်ကင်းလွတ်ခွင့်ခွဲတမ်းဖြင့် တင်သွင်းရန် အတည်ပြုခဲ့

Last Updated:

ရုရှားနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ခွဲတမ်းဖြင့် ကြက်သားတင်သွင်းမှုအား တန်ချိန် ၁၆၀,၀၀၀ အထိ ရုရှားအကောက်ခွန်ဆပ်ကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် ကြက်သားအမျိုးအစားအချို့အပေါ် အကောက်ခွန်မဲ့ဦးစားပေးတင်သွင်းမှုကို အတည်ပြုခဲ့ပြီး သွင်းကုန်ကြက်သားပမာဏတန်ချိန် ၁၆၀,၀၀၀ အထိ ကင်းလွတ်ခွင့်ပြုရန် စီစဉ်ထားသည်။ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လာသည့်အတွက် ကြက်ထွက်ကုန်ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရန် ရည်ရွယ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် ၂၀၂၄ ခုနှစ်အတွက် အခွန်ကင်းလွတ်ခွင့်ခွဲတမ်းဖြင့် ရုရှားနိုင်ငံသို့ ကြက်သားတန်ချိန် ၁၆၀,၀၀၀ အထိ တင်သွင်းရန် အဆိုပြုခဲ့သည်။ ထို့အပြင် အဆိုပါဝန်ကြီးဌာန၏အဆိုပြုချက်ကြောင့် ကြက်သားအမျိုးအစားအချို့နှင့် ကြက်ဥတင်ပို့မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၆ လကြာ ယာယီပိတ်ပင်ထားပါသည်။

ရုရှားဖက်ဒရယ်စာရင်းအင်းဌာန(Rosstat)၏ အချက်အလက်များအရ ကြက်သားစျေးနှုန်းများသည် ယခုနှစ်အစမှစတင်၍ အောက်တိုဘာလအထိ ၂၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဥများအတွက် ၁၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ကြက်ထွက်ကုန်ဈေးနှုန်းမြင့်တက်ရခြင်းမှာ အမေရိကန်ဒေါ်လာငွေလဲနှုန်းမြင့်မားလာခြင်းကြောင့် ထုတ်ကုန်ထုတ်လုပ်မှုစရိတ်မြင့်တက်လာခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်ထက် ပြည်ပသို့တင်ပို့ခြင်းက ပိုမိုများပြားနေခြင်းကြောင့် နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေသဖြင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်စေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက သုံးသပ်ထားပါသည်။

Source :  https://tass.ru/ekonomika/19360143

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia