Russia

ရုရှားနိုင်ငံ၊ ကာလုဂါဒေသသည် အရှေ့တောင်အာရှနိုင်ငံများသို့ မော်တော်ယာဉ်ဓာတုဗေဒပစ္စည်းများ ပြန်လည်တင်ပို့မှုစတင်

Last Updated:

ပိတ်ဆို့အရေးယူမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် တင်ပို့မှုကို ဆိုင်းငံ့ထားပြီးနောက် ကာလုဂါဒေသမှ မော်တော်ယာဉ်ဓာတုဗေဒပစ္စည်းနှင့် ကားအလှကုန်ပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ် အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားသို့ တင်ပို့ခဲ့ကြောင်း ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ကာလုဂါဒေသအာဏာပိုင်များက ပို့ကုန်ဆိုင်ရာလမ်းကြောင်းသစ်များကို ဖော်ဆောင်ရန်စီစဉ်ထားကြောင်း၊ ၎င်းတို့သည် CIS ၊ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံတို့ဖြစ်ကြောင်း၊ မော်တော်ယာဉ်ဓာတုဗေဒပစ္စည်းနှင့် ကားအလှကုန်ပစ္စည်းများထုတ်လုပ်သည့် Sintec Group ကုမ္ပဏီသည် ဒေသတွင်းကို ကိုယ်စားပြုသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားသို့ စတင်တင်ပို့ခဲ့ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။

Sintec Group ကိုယ်စားလှယ်၏ပြောကြားချက်အရ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားဈေးကွက်များသို့ ဝင်ရောက်ခြင်းအားဖြင့် ကုမ္ပဏီသည် ပို့ကုန်ကုန်ပစ္စည်းများဖြစ်သော ကားသန့်စင်ဆေးရည်၊ အင်ဂျင်သန့်စင်ဆေး၊ တာယာသန့်ရှင်းသည့်ဆေးနှင့် အခြားပစ္စည်းများအား နှစ်ဆနီးပါးတိုးချဲ့တင်ပို့သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်စည်တန်ချိန် ၅၀၀ ကျော်တင်ပို့ရန် စီစဉ်ထားပြီး ၎င်းထဲမှ တန်ချိန် ၃၀၀ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Source :    https://tass.ru/ekonomika/20162519

               https://www.sintecgroup.ru/news/?ELEMENT_ID=63616

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia