Russia

ရုရှားအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SME)ထံမှ ကန်ဒေါ်လာ ၈၃.၅ ဘီလီယံ အခွန်ရရှိခဲ့

Last Updated:

ရုရှားအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SME)သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာအထိ ၁၀ လတာကာလအတွင်း ရုရှားနိုင်ငံသို့ အခွန်ငွေ ရူဘယ် ၇.၇ ထရီလီယံ(ကန်ဒေါ်လာ ၈၃.၅ ဘီလီယံ)ထည့်ဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူထက် ၂၄ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှုဌာန(Federal Tax Service of Russia)၏ အကြီးအကဲဖြစ်သူ Mr. Daniil Yegorov က ပြောကြားခဲ့ပါသည်။

ဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှုဌာန အကြီးအကဲ၏ပြောဆိုမှုအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအထိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(SME)ပေါင်း ၆.၂ သန်းကျော်ရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

Source :    https://nalogika.media/articles/news/daniil_egorov_obshchiy_obyem_   nalogovykh_postupleniy_ot_msp_za_10_mesyatsev_vyros_na_24_/

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia