Russia

ရုရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စားနပ်ရိက္ခာတင်ပို့မှု ၁၉ ရာခိုင်နှုန်းတိုးလာ

Last Updated:

ရုရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အစပိုင်းမှစတင်၍ စားနပ်ရိက္ခာတင်ပို့မှုသည် ၂၀၂၂ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Marina Afonina က ပြောကြားခဲ့သည်။

အစောပိုင်းတွင် ဒုတိယဝန်ကြီးချုပ် Ms. Victoria Abramchenko က ရုရှားလယ်ယာထွက်ကုန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၁.၅ ဘီလီယံကျော်အထိရရှိခဲ့ကာ ၎င်းတို့အနက် ရင်းနှီးသောနိုင်ငံများသို့ တင်ပို့မှုမှာ ၃၄ ဘီလီယံအထိရှိကြောင်း ကြေညာခဲ့သည်။

ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၏ခန့်မှန်းချက်အရ ရုရှားနိုင်ငံမှ လယ်ယာထွက်ကုန်များတင်ပို့မှုသည် ၂၀၂၃ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော်အထိ ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များကို အကြွင်းမဲ့တင်သွင်းခဲ့သည့်နိုင်ငံအဖြစ်မှ အကြီးဆုံး ပို့ကုန်တင်ပို့သူအဖြစ် ကူးပြောင်းခဲ့ကြောင်း၊ ကမ္ဘာတွင် ရုရှားဂျုံတင်ပို့မှုမှာ ပထမနေရာ၌ ရပ်တည်နေသည်မှာ လွန်ခဲ့သည့်ရှစ်နှစ်ခန့်ကပင်ဖြစ်ကြောင်း၊ ရုရှားတွင် အလွန်ကောင်းမွန်သော ဈေးကွက်အလားအလာရှိကြောင်း၊ ယခု ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၌ ဂျုံတန်ချိန် ၁၄၇ သန်းရိတ်သိမ်းခဲ့ပြီး ၆၀ သန်းခန့်တင်ပို့နိုင်ရန် ရည်မှန်းထားကာ ယခုထက်ပို၍ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါသည်။

Source :  http://www.finmarket.ru/news/6067974         

              https://kvedomosti.ru/?p=1148028 

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia