Russia

ရုရှားတွင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ ၁၄ ဘီလီယံရှိ

Last Updated:

ရုရှားနိုင်ငံတွင် အိန္ဒိယ၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့်ရှိပြီး အိန္ဒိယတွင် ရုရှား၏ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိကြောင်း အိန္ဒိယရှိ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ် Mr. Alexander Rybas က TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Mr. Alexander Rybas ၏ပြောဆိုမှုအရ လက်ရှိအချိန်တွင် အိန္ဒိယစီးပွားရေးအသိုင်းအဝိုင်းများသည် ရုရှားရေနံနှင့်ဓာတ်ငွေ့ကဏ္ဍ၊ IT ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ပိုမိုစိတ်ဝင်စားပြီး သုတ်ဆေး(ဆိုးဆေး)နှင့် ထုပ်ပိုးရေးပစ္စည်းများထုတ်လုပ်ခြင်းအပါအဝင် ဓာတုဗေဒစက်မှုလုပ်ငန်းများရှိ စီမံကိန်းများတွင်လည်း ရင်းနှီးမြှုပ်နှံကြကြောင်း သိရှိရပါသည်။

ထို့အပြင် အိန္ဒိယရင်းနှီးမြှုပ်နှံသူများသည် စက်မှုလုပ်ငန်း(ထွန်စက်နှင့်စက်ယန္တရားထုတ်လုပ်မှု)၊စားသောက်ကုန်လုပ်ငန်း(လက်ဖက်ရည်ထုတ်လုပ်ခြင်း)၊ လက်ဝတ်ရတနာလုပ်ငန်း (စိန်ပြုပြင်ခြင်း)၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများထုတ်လုပ်ခြင်း စသည့်စီမံကိန်းများတွင်လည်း  စိတ်ဝင်စားမှု ရှိကြောင်း သိရှိရပါသည်။

ရုရှားနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ စံချိန်တင် အမေရိကန်ဒေါ်လာ ၄၈.၈ ဘီလီယံအထိ ရှိခဲ့ပါသည်။

Source :    https://tass.ru/ekonomika/19512491

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia