Russia

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ၁၀၃.၆ ဘီလီယံသို့ ကျဆင်း

Last Updated:

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း  ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၆၈.၆ ဘီလီယံမှ ၁၀၃.၆ ဘီလီယံသို့ ကျဆင်းသွားခဲ့ကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှု(Federal Customs Service)မှ ထုတ်ပြန်ကြေညာထားပါသည်။

ယင်းကာလအတွင်း ရုရှားပို့ကုန်သည် အမေရိကန်ဒေါ်လာ ၄၄၈.၉ ဘီလီယံမှ ၃၁၆.၉ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး သွင်းကုန်မှာ ကန်ဒေါ်လာ ၁၈၀.၃ ဘီလီယံမှ ၂၁၃.၃ ဘီလီယံအထိ တိုးလာခဲ့သည်။

ရုရှားနိုင်ငံ၏ ဥရောပနိုင်ငံများသို့ တင်ပို့မှုမှာ ကန်ဒေါ်လာ ၂၁၆.၇ ဘီလီယံမှ ၆၅.၃ ဘီလီယံသို့ ကျဆင်းသွားပြီး အာရှနိုင်ငံများသို့ တင်ပို့မှုမှာ ကန်ဒေါ်လာ ၂၀၅.၄ ဘီလီယံမှ ၂၂၆.၆ ဘီလီယံအထိ တိုးလာခဲ့သည်။ ဥရောပမှ သွင်းကုန်သည် ကန်ဒေါ်လာ ၆၄.၈ ဘီလီယံမှ ၅၉.၂ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး အာရှမှ သွင်းကုန်များမှာ ကန်ဒေါ်လာ ၁၀၀.၂ ဘီလီယံမှ ၁၃၉.၇ ဘီလီယံအထိ မြင့်တက်ခဲ့သည်။

ထို့အပြင် အာဖရိကနိုင်ငံများနှင့် ကုန်သွယ်မှုအရ ရုရှားပို့ကုန်သည် ကန်ဒေါ်လာ ၁၀.၁ ဘီလီယံမှ ၁၅.၆ ဘီလီယံအထိလည်းကောင်း၊ သွင်းကုန်သည် ကန်ဒေါ်လာ ၂.၃ ဘီလီယံမှ ၂.၅ ဘီလီယံအထိလည်းကောင်း မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းတွင် မြောက်နှင့် တောင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုမှာ ကန်ဒေါ်လာ ၁၆.၃ ဘီလီယံမှ ၉.၃ ဘီလီယံသို့လည်းကောင်း၊ သွင်းကုန်မှာ ကန်ဒေါ်လာ ၁၂.၄ ဘီလီယံမှ ၁၁.၄ ဘီလီယံသို့လည်းကောင်း ကျဆင်းသွားခဲ့သည်။

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏအရ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် သိသိသာသာကျဆင်းသွားခဲ့ပြီး အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသဖြင့် အနာဂတ်တွင်လည်း အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ယခုထက်ပို၍ မြင့်တက်နိုင်ခြေရှိကြောင်း သုံးသပ်ရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုအလားအလာကောင်းများရှိနေပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source :  https://tass.ru/ekonomika/19276125

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia