U. A. E

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင်ပြုလုပ်မည့် World of Coffee Dubai 2024 တွင် ကော်ဖီကဏ္ဍတွင် မိတ်ဖက်များမြှင့်တင်ရန်နှင့် အမျိုးမျိုးသောလှုပ်ရှားမှုများ၊ အစီအစဉ်များကို ပြသသွားမည်

Last Updated:

ကော်ဖီလုပ်ငန်းကဏ္ဍ၏ အမျှော်လင့်ဆုံးဖြစ်ရပ်များထဲမှတစ်ခုဖြစ်သည့် World of Coffee Dubai 2024 ကို Dubai World Trade Centre ၏ပူးပေါင်းစီမံမှုနှင့် အတွေ့အကြုံဆိုင်ရာ အေဂျင်စီဖြစ်သော DXB Live မှ စီစဉ်ပြီး တိုးပွားလာသောကော်ဖီလုပ်ငန်းကဏ္ဍတွင် ပြပွဲပြသသူများနှင့်ဧည့်သည်များအကြား ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် အခွင့် အလမ်းများကို ရှာဖွေရန်  ရည်ရွယ်ပြီး ကျယ်ပြန့်သောအထူးလှုပ်ရှားမှုများကို ပြသသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှ ၂၃ရက်အထိကျင်းပမည့် ပြပွဲ၏အစီအစဉ်များတွင် Roaster Village ၊ Cup Room နှင့် Brew Bar စသည့်အစီအစဉ်များစွာ ပါဝင်ပါသည်။ ထို့အပြင် ပြပွဲတွင် ဆွေးနွေးပွဲများ၊ ရေရှည်တည်တံ့မှုဆိုင်ရာ အထူးပြုအလုပ်ရုံဆွေးနွေးပွဲများ၊ အရင်းအမြစ်များကို အသုံးချခြင်းအတွက် အကောင်းဆုံးအလေ့အကျင့်များနှင့် ရေရှည်တည်တံ့သောပဏာမခြေလှမ်းများကို ဖော်ပြသည့်နယ်ပယ်များတွင် ရေရှည်တည်တံ့သောအလေ့အကျင့်များကို မြှင့်တင်ခြင်း၏အရေးပါမှုကို အာရုံစိုက်နိုင်ရန် ဆွေးနွေးပွဲများ၊ အထူးပြုအလုပ်ရုံဆွေးနွေးပွဲများဖြင့် နိုင်ငံတကာကော်ဖီအသိုက်အဝန်း၏ တာဝန်ယူထုတ်လုပ်မှုကတိကဝတ်များကို ပြသသွားမည်ဖြစ်ပါသည်။

ပြပွဲတွင် ဒေသတွင်းဈေးကွက်ချဲ့ထွင်လိုသော ထိပ်တန်းအမှတ်တံဆိပ်များနှင့် ကျော်ကြားသောကော်ဖီအမှတ်တံဆိပ်များ၏ လုပ်ငန်းခွဲများတည်ထောင်ရန် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများကို စုစည်းပေးမည့် Franchise Village ကဲ့သို့သောပြပွဲအသစ်များ၏မိတ်ဆက်ပွဲအတွက် စင်မြင့်တစ်ခုလည်းဖြစ်လာမည်ဖြစ်ပြီး အဆိုပါလမ်းကြောင်းသည် တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခွင့်အလမ်းများကို ရှာဖွေရန် အဓိကပွဲတစ်ခုအနေဖြင့် ကမ္ဘာ့ကော်ဖီလုပ်ငန်းကဏ္ဍ၏ အနေအထားကို အားဖြည့်ပေးသွားမည်ဖြစ်ပါသည်။

ပြပွဲ၏အင်္ဂါရပ်များနှင့် အစီအစဉ်များအနက်၊ ဝယ်သူများအစီအစဉ်နှင့် ၀ယ်သူများ Longue သည် ဝယ်သူများနှင့်ကော်ဖီစိုက်ပျိုးသူများ၊ ကော်ဖီကုန်သည်များ၊ ကော်ဖီဖြန့်ဖြူးသူ များနှင့် ကော်ဖီထုတ်လုပ်သူများအပြင် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝတ်ကျေပွန်သည့်ကဏ္ဍများမှ အစားအသောက်နှင့် အဖျော်ယမကာစီမံခန့်ခွဲသူများအကြား တွေ့ဆုံမှုများပြုလုပ်သွားမည်ဖြစ်ကာ ကော်ဖီလုပ်ငန်းကဏ္ဍနယ်ပယ်တွင် သက်ဆိုင်သူများအကြားလုပ်ငန်း အပြန်အလှန်ဆက်သွယ်မှုနှင့်ဆက်သွယ်မှုများကို ပိုမိုအားပေးပြီး အလားအလာရှိသော မိတ်ဖက်များနှင့် ငွေပေးချေမှုလုပ်ငန်းစဉ်များအတွက် စံပြသတ်မှတ်မှုကို ပေးဆောင်မည်ဖြစ်ပါသည်။

ထို့အပြင် ယခုလာမည့် ၂၀၂၄ ပြပွဲတွင် ဆွေးနွေးမှုအစီအစဉ်များနှင့် အခမဲ့အလုပ်ရုံဆွေးနွေးပွဲများတွင် နောက်ထပ်ပါဝင်လာမည့်သူများကိုထားရှိရန်အတွက် ကြီးမားသောခန်းမကြီးနှစ်ခုတွင် ထားရှိလက်ခံကျင်းပသွားမည်ဖြစ်ပါသည်။ ခန်းမကြီးတစ်ခုတွင်ပြပွဲကျင်းပသည့်အထူးပြုကော်ဖီအသင်းအဖွဲ့၏ဆွေးနွေးပွဲများကို လက်ခံကျင်းပရန် ရည်ရွယ်ထားပြီး နောက်ခန်းမကြီးတစ်ခုတွင် ကမ္ဘာတစ်ဝှမ်းရှိ နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းများ၊ တီထွင်ဆန်းသစ်မှုများနှင့်ကော်ဖီထုတ်ကုန်များကို ဆွေးနွေးရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ မြောက်များစွာသောကော်ဖီလုပ်ငန်းကျွမ်းကျင်သူများ၊ ကော်ဖီပညာရှင်များတို့နှင့်အတူ မစိစစ်ရသေးသော ကျယ်ပြန့်သည့်ဆွေးနွေးမှုများကို လက်ခံကျင်းပခြင်းများကို လက်ခံပြုလုပ်သွားရန်အတွက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

World of Coffee Dubai ပြပွဲကို Dubai World Trade Centre တွင် ၂၀၂၃ ခုနှစ်ကကျင်းပခဲ့ပြီး ယူအေအီးနိုင်ငံရှိ ကော်ဖီစျေးကွက်သည် ၂၀၂၃ ခုနှစ် မှ ၂၀၂၉ ခုနှစ်အတွင်း နှစ်စဉ် ၈.၄ ရာခိုင်နှုန်းနှင့် ၂၀၂၂ နှင့် ၂၀၂၇ ခုနှစ်ကြားတွင် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသများတွင် နှစ်စဉ် ၇.၅ ရာခိုင်နှုန်းခန့်တိုးတက်လာမည်ဟု မျှော်မှန်းထားသောကြောင့် ယမန်နှစ်ကကျင်းပပြုလုပ်ခဲ့သော အဆိုပါကော်ဖီပြပွဲသည် ကျယ်ပြန့်သောဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများရှိ ကော်ဖီလုပ်ငန်းရှင်များ၊ကျွမ်းကျင်သူများနှင့်ပညာရှင်များ၏ စိတ်ဝင်စား တက်ရောက်မှုကို ရရှိအောင်မြင်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် ကော်ဖီလုပ်ငန်းတွင် နောက်ထပ်ဈေးကွက်အသစ်များတိုးချဲ့လိုသူများအတွက် အစီအစဉ်များစွာထည့်သွင်းထားခြင်းကြောင့် နိုင်ငံတကာကော်ဖီဈေးကွက်ကိုရရှိ ထိုးဖောက်လိုကြသည့် မြန်မာနိုင်ငံမှကော်ဖီလုပ်ငန်းများမှ ထုတ်ကုန်များဈေးကွက်ရရှိစေရေးနှင့် နိုင်ငံတကာကော်ဖီလုပ်ငန်းများနှင့်ချိတ်ဆက်ဆောင်ရွက်ရန်အတွက် အလွန်အလားအလာရှိသောကြောင့် လက်လွတ်မခံဘဲ ပါဝင်တက်ရောက်ပြသသင့်သည့် ပြပွဲတစ်ရပ်ဖြစ်ပြီး ပြသလိုသူများအနေဖြင့် dubai. worldofcoffee.org တွင်ဝင်ရောက်ကြည့်ရှု၍ ချိတ်ဆက်ပြသနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

အရင်းအမြစ်။ emirates247.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E