Russia

ရုရှားရေနံတင်ပို့ခွန်ကို တစ်တန်လျှင် ၂၄.၇ ဒေါ်လာသို့ လျှော့ချမည်

Last Updated:

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ ရုရှားရေနံတင်ပို့မှုအခွန်ကို တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၄.၇ သို့လျှော့ချမည်ဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

အဆိုပါဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ရုရှားရေနံ တင်ပို့ခွန်သည် တစ်တန်လျှင် ၂၄.၇ ဒေါ်လာသို့ လျှော့ချမည်ဖြစ်ပြီး လက်ရှိ ရေနံတင်ပို့ခွန်မှာ တစ်တန်လျှင် ၂၆.၂ ဒေါ်လာဖြစ်၍ အမေရိကန်ဒေါ်လာ ၁.၅ ကျဆင်းမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးဌာန၏အဆိုအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ စောင့်ကြည့်ကာလအတွင်း ရုရှား Urals ရေနံပျမ်းမျှစျေးနှုန်းမှာ တစ်စည်လျှင် ၇၉.၂၃ ဒေါ်လာ သို့မဟုတ် တစ်တန်လျှင် ၅၇၈.၄ ဒေါ်လာဖြစ်ပါသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ အပေါ့စားရေနံထွက်ပစ္စည်းနှင့် လောင်စာဆီတင်ပို့မှုအတွက် အခွန်ပမာဏမှာ တစ်တန်လျှင် ၇.၄ ဒေါ်လာဖြစ်ကြောင်း၊ လေးလံသောရေနံထွက်ပစ္စည်းတင်ပို့မှုအတွက် အခွန်ပမာဏမှာ တစ်တန်လျှင် ၂၄.၇ ဒေါ်လာဖြစ်ကြောင်း၊ စီးပွားဖြစ်ဓာတ်ဆီတင်ပို့မှုအတွက် အခွန်ပမာဏမှာ ၇.၄ ဒေါ်လာဖြစ်ကြောင်း၊ သန့်စင်ပြီးအခြေခံရေနံထွက်ပစ္စည်းတင်ပို့မှုအတွက် အခွန်ပမာဏမှာ ၁၃.၅ ဒေါ်လာဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် သဘာဝဓာတ်ငွေ့ရည်(LNG)တင်ပို့မှုအတွက် အခွန်ပမာဏမှာ တစ်တန်လျှင် ၂.၅ ဒေါ်လာမှ ၄.၇ ဒေါ်လာသို့လည်းကောင်း၊ သန့်စင်သော LPG ဓာတ်ငွေ့ရည်တင်ပို့မှုအတွက် ၂.၃ ဒေါ်လာမှ ၄.၂ ဒေါ်လာသို့လည်းကောင်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source :  https://ria.ru/20231115/neft-1909604174.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia