Russia

ရုရှားနိုင်ငံ၏ GDP တိုးတက်မှု ၉ လတာကာလအတွင်း ၂.၉ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှုခန့်မှန်းချက်ကို ယခင် ၂.၈ ရာခိုင်နှုန်းမှ ၂.၉ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီး Ms. Polina Kryuchkova က ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့် ၂ နှစ်၏ အဆင့်နှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းသည် သိသိသာသာတိုးလာခဲ့ကြောင်း၊ ယေဘုယျအားဖြင့် ၂၀၂၃ ခုနှစ်၏ ၉ လတာကာလအတွင်း GDP သည် ၂.၉ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ ရုရှားစီးပွားရေးသည် ပြန်လည်ထူထောင်ရေးအဆင့်ကို ကျော်လွန်ပြီး လက်ရှိတွင် တက်ကြွစွာဖွံ့ဖြိုးလျက်ရှိကြောင်း Kryuchkova က မှတ်ချက်ပြုခဲ့သည်။

ရုရှားနိုင်ငံ၏ GDP သည် ယခုနှစ် ပထမ ၉ လအတွင်း ၂.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ အောက်တို ဘာလကုန်တွင် ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin က ပြောကြားခဲ့ပါသည်။ ၎င်းပြောကြားချက်အရ နိုင်ငံ၏ စက်မှုကုန်စည်ထုတ်လုပ်မှုသည် ဇန်နဝါရီမှ စက်တင်ဘာလအထိ ၃ ရာခိုင်နှုန်းကျော် တိုးမြင့်လာကြောင်း သိရှိရပါသည်။

Source :  https://ria.ru/20231115/vvp-1909677753.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia