U. A. E

ယူအေအီးနိုင်ငံ၏ဒုတိယသမ္မတနှင့်ဝန်ကြီးချုပ် Sheikh Mohammed မှ 'World of Coffee 2024' ပြပွဲသို့ လာရောက်ကြည့်ရှု

Last Updated:

ယူအေအီးနိုင်ငံ၏ဒုတိယသမ္မတနှင့်ဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum သည် ဇန်နဝါရီ ၂၁ မှ ၂၃ ရက်အထိ Dubai World Trade Center တွင်ပြသလျက်ရှိသော World of Coffee 2024 ပြပွဲကို ပြီးခဲ့သည့် တနင်္လာနေ့က လာရောက်ကြည့်ရှု့ခဲ့ပါသည်။

အဆိုပါခရီးစဉ်အတွင်း Sheikh Mohammed က ဒူဘိုင်းသည် ကမ္ဘာ့အဆင့်မီအခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကိုပံ့ပိုးပေးခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေး၏အနာဂတ်ကို ပုံဖော်ရာတွင် ဒူဘိုင်း၏အဆင့်အတန်းကို ခိုင်မာအောင်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အဓိကကုန်စည်များ၏ ကမ္ဘာ့ကုန်သွယ်မှုဗဟိုချက်အဖြစ် ဒူဘိုင်းမြို့ဖြစ်ပေါ်လာခြင်းသည် ထူးချွန်မှုနှင့်ဆန်းသစ်တီထွင်မှုဆီသို့ ၎င်းတို့၏စဉ်ဆက်မပြတ်ကတိကဝတ်ပြုမှုကိုပြသနေကြောင်း ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 ၏ရည်မှန်းချက်များအောင်မြင်ရန် ၎င်းတို့၏ခရီးတွင်တိုးတက်မှုနှင့်အတူ နိုင်ငံခြားကုန်သွယ်မှုကို AED ၂၅.၆ ထရီလီယံအထိတိုးမြှင့်ရန်နှင့် စော်ဘွားများကမ္ဘာကိုချဲ့ထွင်ရန်အတွက် လာမည့် ဆယ်စုနှစ်များအတွင်း နောက်ထပ်မြို့ပေါင်း ၄၀၀ အထိ တိုးချဲ့ရန်အတွက် ပိုမိုကြီးမားသော စီးပွားရေးကြွယ်ဝမှုကိုဖန်တီးပေးရုံသာမက ပိုမိုချိတ်ဆက်သောကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအခင်းအကျင်းအတွက် လမ်းကြောင်းသစ်များကို ဖန်တီးပေးပြီး ဒူဘိုင်းတွင်အခွင့်အလမ်းသစ်များ၊ တီထွင်ဆန်းသစ်မှုများနှင့် ဖြေရှင်းချက်အသစ်များဖန်တီးရန်အတွက် ကမ္ဘာလုံးဆိုင်ရာစက်မှုလုပ်ငန်းအမျိုးမျိုးကို အတူတကွဆောင်ကျဉ်းသည့် အခမ်းအနားများစွာကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး နိုင်ငံတကာကုန်သွယ်ရာတွင် စဉ်ဆက်မပြတ်တိုးတက်မှုကို အရှိန်အဟုန်မြှင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

Sheikh Mohammed အား Dubai World Trade Center Authority ၏ ညွှန်ကြားရေးမှူးချုပ် Helal Saeed Al Marri မှ World of Coffee 2024 ပြပွဲအကြောင်း အကျဉ်းချုပ်တင်ပြခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာပြခန်းပေါင်း ၁,၆၅၀ ဖြင့်ခင်းကျင်းပြသသည့် အဆိုပါပြပွဲသို့လာရောက်ကြည့်ရှု့စဉ် Sheikh Mohammed က ပြပွဲတွင်ပြသနေသည့် ကော်ဖီလုပ်ငန်း၏ ထူးခြားသောကမ်းလှမ်းမှုများနှင့် ၎င်းကဏ္ဍ၏ထောက်ပံ့မှုကွင်းဆက်တွင် ရေရှည်တည်တံ့သောအလေ့အကျင့်များအကြောင်း အကျဉ်းချုံးပြောကြားခဲ့ပါသည်။  အဆိုပါပြပွဲကို Specialty Coffee Association နှင့်ပူးပေါင်း၍ Dubai World Trade Centre ၏ပေါင်းစပ်ပွဲစီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းဝန်ဆောင်မှုဌာန DXB Live မှစီစဉ်သည့် အဆိုပါကမ္ဘာလုံးဆိုင်ရာ ပြပွဲအခမ်းအနားတွင် အတွေ့အကြုံရင့်ပညာရှင်များမှ တင်ပြထားသော အသိပညာပေးဟောပြောပွဲများပါဝင်ကြောင်း ဖော်ပြထားပါသည်။

World of Coffee Dubai 2024 သည် ကမ္ဘာ့ကော်ဖီလုပ်ငန်းတွင် အဓိကကျသောပြပွဲတစ်ခုဖြစ်ပြီး ကုမ္ပဏီများနှင့် အမှတ်တံဆိပ်ပေါင်း ၁,၆၅၀ ကျော် တက်ရောက်မှုနှင့်အတူ၊ ကုန်စည်ပြပွဲသည် ကော်ဖီထုတ်ကုန်များနှင့်ဝန်ဆောင်မှုများစွာကို ခင်းကျင်းပြသရန်အတွက် စံပြလမ်းကြောင်းတစ်ခုဖြစ်ကာ ပြခန်းများတွင် ကော်ဖီစေ့အစိမ်းများနှင့် အဆင်သင့်သောက်သုံးရန်ပြုလုပ်ထားသည့်ကော်ဖီများနှင့် ပြင်ဆင်သည့်ကိရိယာများ၊ ဝန်ဆောင်မှုပေးသူများ၊ အနံ့အရသာနှင့် ထုပ်ပိုးမှုဆိုင်ရာ ဖြေရှင်းချက်အမျိုးမျိုးအထိ ရွေးချယ်မှုများစွာ ပါဝင်ပါသည်။ ထို့အပြင် ယူအေအီးအခြေစိုက်ကုမ္ပဏီများနှင့် အမှတ်တံဆိပ်ပေါင်း ၆၀ တို့၏ပူးပေါင်းပါဝင်မှုကိုလည်းတွေ့မြင်ရပြီး ၎င်းပြပွဲသည် ယူအေအီးအမျိုးသား Barista နှင့် Latte Art Championship၊ Coffee Design Awards နှင့် Best New Product Awards ဆုချီးမြှင့်မှုများအပါအဝင် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များစွာဖြင့် စီစဉ်ကျင်းပထားပါသည်။

World of Coffee 2024 သည် ဒေသတွင်းကော်ဖီလုပ်ငန်း၏ တည်ငြိမ်သောချဲ့ထွင်မှုနှင့် ကိုက်ညီမှုရှိကာ စျေးကွက်လေ့လာမှုများနှင့် ခွဲခြမ်းစိတ်ဖြာမှုများအရ လာမည့်နှစ်များတွင် ကော်ဖီဈေးကွက် ဆက်လက်ကြီးထွားလာမည်ဟု ခန့်မှန်းထားပါသည်။ Data Bridge စျေးကွက်သုတေသနအရ၊ MENA ဒေသရှိ ကော်ဖီနှင့် Espresso ကော်ဖီစျေးကွက်တန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၀၈၅ ဘီလီယံရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံဝန်းကျင်သို့ Compound Annual Growth Rate(CAGR) ၂.၆ % ဖြင့်ရောက်ရှိရန် ခန့်မှန်းထားကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

Source: khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E