Russia

ရုရှားနိုင်ငံရှိ သီးနှံဈေးကွက်စျေးနှုန်းအခြေအနေမှာ တည်ငြိမ်လျက်ရှိ

Last Updated:

ရုရှားနိုင်ငံအတွင်း ဆန်စျေးနှုန်းမှာ ဇူလိုင်လအတွင်း ၃.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ယခင်နှစ်ထက် ၀.၁ ရာခိုင်နှုန်းပိုမိုကျဆင်းခဲ့ပါကြောင်း၊ ဂျုံစျေးနှုန်းများမှာ ယခုနှစ်အစောပိုင်းနှင့်ယှဉ်လျှင် ၄၃ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည့် အတွက် ရုရှားနိုင်ငံရှိ ကောက်ပဲသီးနှံဈေးကွက်၏စျေးနှုန်းအခြေအနေမှာ ယခင်အတိုင်းပြန်လည်တည်ငြိမ်လျက်ရှိပါကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

၎င်းတို့အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံအတွင်း ဆန်၊ ဂျုံနှင့် ကောက်ပဲသီးနှံများကို ၂၀၂၂ ခုနှစ်ထက် ပိုမို၍ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ဆန်တန်ချိန် ၁ သန်းခန့် စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ထက် တန်ချိန် ၉၂၇၀၀၀ ပိုမိုထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ဂျုံထုတ်လုပ်ခြင်းမှာ ယခင်နှစ်ထက် တန်ချိန် ၁.၂၂ သန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်စွာရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဆန်နှင့်ဆန်လုံးညိုတို့အား ပြည်ပသို့တင်ပို့ခွင့် ယာယီတားမြစ်သည့် အဆိုပြုချက်(မူကြမ်း)အား ရုရှားအစိုးရထံ လမ်းညွှန်မှုခံယူရန် ပေးပို့ထားပါကြောင်း၊ အဆိုပါကန့်သတ်ချက်သည် နိုင်ငံအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်ဖြစ်စေမှု စသည့်ပြဿနာများကို ဖြေရှင်းပေးနိုင်ရုံသာမက စားသုံးသူပြည်သူလူထုအတွက်ပါ ကုန်စျေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : https://tass.ru/ekonomika/18363639

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia