India (Delhi)

အိန္ဒိယနိုင်ငံ၏ လက်ဖက်ခြောက်ထွက်ရှိမှုမှာ ဇွန်လတွင် ကီလိုဂရမ် ၁၃၇.၈၅ သန်းသာရှိခဲ့ပြီး ၃.၇ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

အိန္ဒိယနိုင်ငံ၏ ယခုနှစ်ဇွန်လအတွင်း လက်ဖက်ခြောက်ထုတ်လုပ်မှုသည် ကီလိုဂရမ် ၁၃၇.၈၅ သန်းသာရှိရာ ၂၀၂၂ ခုနှစ် အလားတူကာလတွင် ထုတ်လုပ်နိုင်မှုဖြစ်သည့် ကီလိုဂရမ် ၁၄၃.၁၂ သန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့ကြောင်းနှင့် လက်ဖက်ဘုတ်အဖွဲ့(Tea Board)၏ ယာယီအချက်အလက်များအရ လက်ဖက်ထုတ်လုပ်နိုင်မှုပမာဏမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ၃.၇ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း  The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ဒေသအလိုက်လက်ဖက်စိုက်ပျိုးမှုတွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းသည် တစ်လအတွင်း ကီလိုဂရမ် ၁၀၉.၇၀ သန်းထုတ်လုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသတွင် ထုတ်လုပ်မှုပမာဏမှာ ကီလိုဂရမ် ၂၈.၁၅ ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသံပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လတွင် ကီလိုဂရမ် ၆၃.၅၁ သန်းထုတ်လုပ်ခဲ့ပြီး ပြည်နယ်၏ထုတ်လုပ်မှုသည် ယခင်အလားတူကာလတွင် ၇၅ ဒသမ ၁၆ သန်း ကီလိုဂရမ် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အခြားအဓိကထုတ်လုပ်သူဖြစ်သည့် အနောက်ဘန်ဂေါပြည်နယ်သည် ယခုနှစ်ဇွန်လတွင် လက်ဖက်ကီလိုဂရမ် 42.64 သန်းထုတ်လုပ်ခဲ့ပြီး 2023 ခုနှစ် ဇွန်လ အလားတူကာလတွင် ထုတ်လုပ်ခဲ့သည့် ကီလိုဂရမ် 40.42 သန်းနှင့်နှိုင်းယှဉ်ပါက အနည်းငယ် ပိုမိုထုတ်လုပ်နိုင်ခဲ့ ကြောင်း သိရှိရသည်။

အိန္ဒိယလက်ဖက်အသင်း(Indian Tea Association-ITA) ၏သတင်းရင်းမြစ်များအရ လက်ဖက်ထုတ်လုပ်မှုပမာဏကျဆင်းရခြင်းမှာ ရာသီဥတုအခြေအနေနှင့် ဥယျာဉ်များတွင် ပိုးမွှားဖျက်ဆီးမှုများကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

Source: Tea production drops  3.7 per cent to 137.85 million kg in June, The Economic Times, 29 July 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)