Russia

ရုရှားနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု ၅.၀၃ ရာခိုင်နှုန်းတိုးလာခဲ့

Last Updated:

လက်ရှိငွေကြေးလဲလှယ်မှုစျေးနှုန်းအရ ရုရှားနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုသည် ဩဂုတ်လ ၂၈ ရက်နေ့အထိ ၄.၈၈ ရာခိုင်နှုန်းရှိခဲ့ရာမှု ယခုအချိန်တွင် ၅.၀၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ သုံးသပ်ချက်အရ သိရှိရပါသည်။

အစားအသောက်ထုတ်လုပ်မှုအပိုင်းတွင် ကုန်စျေးနှုန်းကြီးမြင့်လာမှုများကြောင့် ယခင်ရက်သတ္တပတ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၀.၀၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအချိန်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၀.၀၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း RAI သတင်းဌာနမှလည်း သုံးသပ်ထားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ပြောကြားချက်အရ စားသောက်ကုန်များစျေးနှုန်းတိုးမြင့်လာမှုမှာ ယခင်ရက်သတ္တပတ်စျေးနှုန်းအတိုင်း ၀.၂၁ ရာခိုင်နှုန်းရှိနေသေးကြောင်း၊ သကြား၊ ကြက်ဥ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ပါစတာနှင့် စားသောက်ဖွယ်ရာအချို့ စျေးနှုန်းတိုးမြင့်လာနှုန်းမှာ အရှိန်အနည်းငယ်လျော့လာကြောင်း၊ အသားထွက်ကုန်များမှာ ဆက်လက်၍ စျေးနှုန်းမြင့်တက်နေကြောင်း၊ ဂျုံမှုန့်၊ မုန့် အချိုစျေးနှုန်းများမှာလည်း မြင့်တက်လာကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများစျေးနှုန်းတက်လာမှုသည် အရှိန်လျော့ကျလာသဖြင့် ထည့်တွက်ရန်မလိုကြောင်း၊ မော်တော်ကားစျေးနှုန်းတိုးမြင့်လာမှုများမှာလည်း အရှိန်လျော့ကျလာကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးရုံသုံးပစ္စည်းများ စျေးနှုန်းမြင့်တက်မှုနှုန်းမှာ ပိုမိုတိုးလာကြောင်း သိရှိရပါသည်။

ရုရှားဗဟိုဘဏ်မှ ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၅ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းအတွင်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရုရှားဘဏ္ဍာရေးဝန်ကြီး Mr. Anton Siluanov မှ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး၊ တာဝန်ရှိသူများအနေဖြင့် လာမည့်နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းအား ၄ ရာခိုင်နှုန်းထိလျော့ကျစေရန် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Source: https://ria.ru/20230830/inflyatsiya-1893251832.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia