India (Delhi)

2024 ဘဏ္ဍာနှစ်တွင် သဘာဝရော်ဘာထုတ်လုပ်မှု 5 ရာခိုင်နှုန်း ပိုမိုတိုးတက်မည်ဟု အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရော်ဘာလုပ်ငန်းရှင်များအသင်းက ခန့်မှန်း

Last Updated:

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ရော်ဘာမက်ထရစ်တန်ချိန် ၈ သိန်းထုတ်လုပ်နိုင်ခဲ့ပြီး ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် သဘာဝရော်ဘာထုတ်လုပ်မှု ၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ရန် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရော်ဘာလုပ်ငန်းရှင်များအသင်းက မျှော်မှန်းထားသည်ဟု The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

မိုးအလွန်အကျွံရွာသွန်းခြင်းသည် ရော်ဘာထုတ်လုပ်မှုအတွက် ကောင်းမွန်ပြီး အခြားကဏ္ဍများအနက် ရော်ဘာကို ခါးပတ်နှင့်တာယာများတွင် အသုံးပြုသည့် မော်တော်ယာဥ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရော်ဘာလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Ramesh Kejriwal က ပြောကြားထားပါသည်။

အိန္ဒိယနိုင်ငံ၏ ရောက်ဘာအသုံးပြုမှုမြင့်တက်လာသည့်အတွက် ယခင်နှစ်က ထိုင်း၊ မလေးရှား၊ သီရိလင်္ကာနှင့် ဗီယက်နမ်နိုင်ငံတို့မှ တန်ချိန် ၅ သိန်းခန့်တင်သွင်းခဲ့ကြောင်း အိန္ဒိယပြည်တွင်း ရော်ဘာဈေးသည် ပြည်ပမှတင်သွင်းသည့်ဈေးထက်မြင့်နေသော်လည်း နိုင်ငံတကာဈေးကွက်တွင် သဘာဝရော်ဘာဈေးနှုန်းသည် တရုတ်နှင့်အီးယူနိုင်ငံများမှ ဝယ်လိုအားကျဆင်းနေသဖြင့် ဈေးနှုန်းမှာလည်း ကျဆင်းနေကြောင်း  Kejriwal မှ ပြောကြားထားသည်ဟု The Economic Time သတင်းစာတွင် ဖော်ပြထားပါသည်။

Source: 5% higher natural rubber production in FY24: All India Rubber Industry Association, The Economic Times, August 16, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)