Russia

ရုရှားသို့ အိန္ဒိယ၏ အဓိကပို့ကုန်စာရင်းတွင် ပုစွန်နှင့် လက်ဖက်ခြောက်များပါဝင်

Last Updated:

အိန္ဒိယသည် ဖေဖော်ဝါရီလတွင် ရုရှားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုးရှိ စမတ်ဖုန်းများစံချိန်တင်တင်ပို့ခဲ့ပြီး ၎င်းသည် ရုရှားသို့ အဓိကတင်ပို့သည့်ထုတ်ကုန်ဖြစ်လာခဲ့ကြောင်း အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ဖေဖော်ဝါရီလတွင် ရုရှားသို့ ဒုတိယအများဆုံးတင်ပို့သည့်ပို့ကုန်မှာ ဆေးဝါးများ(ဒေါ်လာ ၂၇ သန်း)ဖြစ်ပြီး ၎င်းနောက်တွင် ကျောက်ပြား(ဒေါ်လာ ၁၃ သန်း)ရှိသည်။ ထိပ်တန်းပို့ကုန်ငါးမျိုးတွင် ပုစွန်(ဒေါ်လာ ၁၀ သန်း)နှင့် လက်ဖက်ခြောက်(ဒေါ်လာ ၉ သန်း)တို့ပါဝင်သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် အိန္ဒိယကြားကုန်သွယ်မှုပမာဏသည် ၁.၈ ဆတိုးလာပြီး အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံနီးပါးရှိကြောင်း၊ ရုရှားသည် အိန္ဒိယ၏အကြီးဆုံးကုန်သွယ်ဖက်များအနက် စတုတ္ထနေရာတွင်ရှိကြောင်း အိန္ဒိယစာရင်းအင်းဝန်ဆောင်မှုဌာန၏အချက်အလက်များအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားသို့ အိန္ဒိယ၏အဓိကပို့ကုန်များမှာ ဆေးဝါး၊ သံမဏိထုတ်ကုန်၊ နီလာ၊ ပုစွန်နှင့် ကြွေထည်ပစ္စည်းတို့ဖြစ်ပြီး ရုရှားမှ အိန္ဒိယသို့ အဓိကသွင်းကုန်များမှာ ရေနံနှင့် ရေနံထွက်ပစ္စည်း၊ ကျောက်မီးသွေး၊ ဓာတ်မြေသြဇာနှင့် စိန်များဖြစ်ကြောင်း သိရှိရပါသည်။

Source :   https://ria.ru/20240425/indiya-1942201447.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia