Russia

ရုရှား၏ GDP တိုးတက်မှုခန့်မှန်းချက်သည် ပထမသုံးလပတ်တွင် ၅.၄ ရာခိုင်နှုန်းဖြင့် ရုရှားဖက်ဒရယ်စာရင်းအင်းဌာနက အတည်ပြု

Last Updated:

၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် ရုရှားနိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှု၏ပဏာမခန့်မှန်းချက်ကို ၅.၄ ရာခိုင်နှုန်းဖြစ်ကြောင်း ရုရှားဖက်ဒရယ်စာရင်းအင်းဝန်ဆောင်မှု ဌာန(Rosstat)က သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံ၏ GDP ပမာဏသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရူဘယ် ၄၃.၂၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံ)ဖြစ်သည်။

ရုရှားနိုင်ငံ၏ GDP သည် ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၄.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တတိယသုံးလပတ်တွင် ၅.၇ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ဒုတိယသုံးလပတ်တွင် ၅.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ပထမသုံးလပတ်တွင် ၁.၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ Rosstat ၏အချက်အလက်များအရ ၂၀၂၃ ခုနှစ် တွင် ရုရှားနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၃.၆ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် GDP တိုးတက်မှုလွှမ်းမိုးမှုအရှိဆုံးကဏ္ဍများမှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး-၁၅.၃ ရာခိုင်နှုန်း၊ လက်လီလက်ကားကုန်သွယ်မှု-၁၁.၄ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု-၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး-၄.၈ ရာခိုင်နှုန်းနှင့် ဟိုတယ်နှင့် စားသောက်ဆိုင်- ၄.၆ ရာခိုင်နှုန်းတို့ဖြစ်သည်။

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ဧပြီလခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ GDP တိုးတက်မှုသည် ၂.၈ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၂.၃ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ၂.၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။

Source :    https://www.interfax.ru/business/966679

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia