Singapore

စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပိုမိုအားကောင်းလာသည့် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှု

Last Updated:

စင်ကာပူနိုင်ငံ၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့(The Maritime and Port Authority of Singapore)သည် ဒီဂျစ်တယ်ကဏ္ဍ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေးစသည်တို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ ဒေသတွင်းပင်လယ်ရေကြောင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့(The Maritime and Port Authority of Singapore)က သတင်းထုတ်ပြန်ခဲ့ပါသည်။

စင်ကာပူနိုင်ငံ၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် Shanghai Municipal Transportation Commission ၊ Tianjin Port and Shipping Authority(TPSA)နှင့် China Classification Society(CCS)တို့နှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် Shanghai Municipal Transportation Commission နှင့်လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာသည် ပင်လယ်ရေကြောင်းမူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ၊ သင်တန်းနှင့်သုတေသနတို့တွင် သတင်းအချက်အလက်များဖလှယ်ခြင်းမှတစ်ဆင့် အပြန်အလှန်လေ့လာသင်ယူနိုင်ရန်၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒီဂျစ်တယ်ကဏ္ဍ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနည်းလမ်းများ တိုးတက်စေရန်ရည်ရွယ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် China Classification Society(CCS) နှင့် ချုပ်ဆို ခဲ့သည့်နားလည်မှုစာချွန်လွှာအရ ပင်လယ်ကူးသင်္ဘောများအတွက် ကာဗွန်ထုတ်လွှတ်မှုမရှိသည့် သို့မဟုတ် ကာဗွန်ထုတ်လွှတ်မှုမရှိသလောက်နည်းပါးသည့် လောင်စာဆီနှင့် Marine Battery Technology တို့ကိုအသုံးပြုခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေခြင်း၊ ပင်လယ်ရေကြောင်းလုပ်ငန်းစတင်ဆောင်ရွက်သူများ၊ စက်မှုလုပ်ငန်းများ၊ သုတေသနပညာရှင်များနှင့် Smart Ships Technology ကို ပူးပေါင်းဆန်းသစ်တီထွင်ခြင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ ပညာသင်အစီအစဉ်များ၊ အလုပ်သင်အစီအစဉ်များမှတစ်ဆင့် ပင်လယ်ရေကြောင်းဆိုင်ရာစွမ်းရည်များနှင့် သင်တန်းများဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် Tianjin Port and Shipping Authority(TPSA) နှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ပင်လယ်ရေကြောင်းဒီဂျစ်တယ်စနစ်နှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာသင်တန်းများ၊ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်ထုံးလုပ်နည်းမူဘောင်များ ဖွံ့ဖြိုးတိုးတက်မှုစသည့်နယ်ပယ်များအလိုက်အတွေ့အကြုံများနှင့် သတင်းအချက်အလက်များ ဖလှယ်ကြမည်ဖြစ်ပါသည်။ ထို့ပြင် ပင်လယ်ရေကြောင်းသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ပင်လယ်ရေကြောင်းဆိုင်ရာ စွမ်းဆောင်ရည်များဖလှယ်ခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို ရှာဖွေသွားမည်ဖြစ်ပါသည်။

ရင်းမြစ်။        The Maritime and Port Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)                                            

 

 

 

Category: Singapore