U. A. E

ရည်မှန်းချက်ကြီးမားသော ကူးသန်းရောင်းဝယ်ရေးနှင့်ကုန်းလမ်းထောက်ပံ့ပို့ဆောင်ရေးမဟာဗျူဟာ ၂၀၃၀ ကို ယူအေအီးနိုင်ငံဒူဘိုင်းမှ ထုတ်ဖော်ပြသ

Last Updated:

ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(RTA)၏ အမှုဆောင်ဒါရိုက်တာများဘုတ်အဖွဲ့ဥက္ကဌနှင့် ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mattar Al Tayer က ဒူဘိုင်းအိမ်ရှေ့မင်းသားနှင့်အမှုဆောင်ကောင်စီဥက္ကဋ္ဌ H.H. Sheikh Hamdan bin Mohammed bin Rashid Al Maktoum ဦးဆောင်သော ဒူဘိုင်းအမှုဆောင်ကောင်စီမှအတည်ပြုထားသော ဒူဘိုင်းကူးသန်းရောင်းဝယ်ရေးနှင့် ကုန်းလမ်းထောက်ပံ့ပို့ဆောင်ရေးမဟာဗျူဟာ ၂၀၃၀ ကို ထုတ်ဖော်ပြသခဲ့ပါသည်။

အဆိုပါမဟာဗျူဟာ၏ရည်မှန်းချက်မှာ ကုန်းလမ်းပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ တိုက်ရိုက်ပံ့ပိုးကူညီမှုကဏ္ဍတွင် AED ၁၆.၈ ဘီလီယံအထိ တိုးတက်လာစေရန်၊ အခြေခံအဆောက်အအုံများတွင် နည်းပညာအသုံးပြုမှုနှုန်းကို ၇၅ % တိုးမြှင့်သွားရန်၊ ကာဗွန်ထုတ်လွှတ်မှု ၃၀ % လျှော့ချနိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှု ၁၀ % တိုးတက်လာစေရန်တို့ဖြစ်ကြပါသည်။

၎င်းမဟာဗျူဟာသည် ယူအေအီးနိုင်ငံရှိကူးသန်းရောင်းဝယ်ရေးသယ်ယူပို့ဆောင်ရေးကဏ္ဍကို ထိန်းညှိခြင်းနှင့် စီမံခန့်ခွဲမှုများအပေါ် အာရုံစူးစိုက်ပြီး ၎င်းသည် ကုန်းမြေကိုအခြေခံသော ကူးသန်းရောင်းဝယ်ရေးသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာအခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန်နှင့်ကဏ္ဍ၏ရည်မှန်းချက်များ၊ ဥပဒေပြုရေးနှင့် မူဝါဒများကိုအကောင်အထည်ဖော်နိုင်သော စီမံကိန်းများနှင့်အစီအစဉ်အများတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ထားမှုအပေါ် သေချာစေရန်ရည်ရွယ်ထားရှိသည့်အပြင် ပုဂ္ဂလိကကဏ္ဍနှင့်ရင်းနှီးမြှုပ်နှံမှုနှင့်မိတ်ဖက်လုပ်ငန်းများအတွက်အလားအလာများကို ဖော်ထုတ်ရန်ကြိုးပမ်းဆောင်ရွက်ထားကြောင်း Al Tayer က ပြောကြားခဲ့ပါသည်။

ကူးသန်းရောင်းဝယ်ရေးနှင့်ကုန်းလမ်းထောက်ပံ့ပို့ဆောင်ရေးမဟာဗျူဟာသည် သက်ဆိုင်သူအသီးသီး၏သွင်းအားစုဖြင့်ရေးဆွဲထားသော ကုန်သွယ်မှုသယ်ယူပို့ဆောင်ရေးကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် ရည်ရွယ်ထားရှိပါသည်။ အဓိကရည်မှန်းချက်များတွင် ကုန်ကျစရိတ်များထိရောက်စေမှု၊ ဘေးကင်းလုံခြုံစေရေးအတွက်မြှင့်တင်ဆောင်ရွက်မှုနှင့် နည်းပညာများကိုလက်ခံကျင့်သုံးခြင်းဖြင့် ခေတ်မီတိုးတက်စေရန်ဆောင်ရွက်မှုများ ပါဝင်ပါသည်။ ၎င်းသည် လုပ်ငန်းအတားအဆီးများကို ဖြေလျှော့ ပေးခြင်း၊ စည်းမျဉ်းစည်းကမ်းရိုးရှင်းမှုကို မြှင့်တင်ပေးခြင်း၊ ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော ယာဉ်များအဖြစ် ကူးပြောင်းခြင်းနှင့် SME လုပ်ငန်းများကိုပံ့ပိုးပေးခြင်းအားဖြင့် RTA ၏ မဟာဗျူဟာ ပန်းတိုင်များနှင့်ကိုက်ညီမှုရှိကြောင်း ဖော်ပြထားပါသည်။ မဟာဗျူဟာသည် အနာဂတ်သယ်ယူပို့ဆောင်ရေးပုံစံများကို ကြိုတင်ပြင်ဆင်ရန်အတွက် အခြေခံအဆောက်အအုံ၊ ယာဉ်အုပ်စုနှင့် ယာဉ်မောင်းစွမ်းဆောင်ရည်တို့ကို အဆင့်မြှင့်တင်ပေးခြင်းတို့အတွက် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ဒူဘိုင်း၏ ကူးသန်းရောင်းဝယ်ရေးသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မှတ်ပုံတင်ထားသောယာဉ်အစီးရေ ၃၅၁,၀၀၀ နှင့် ကုမ္ပဏီပေါင်း ၉,၆၉၉ ခုတို့ဖြင့် e-commerce လုပ်ငန်းတွင် ကြီးမားလျက်ရှိပြီး ၎င်းသည် ငါးနှစ်အတွင်းတိုးတက်မှုနှုန်း ၃၄ % ရှိကာ စီးပွားရေးအတွက် AED ၈.၅ ဘီလီယံကို ပံ့ပိုးပေးကာ အလုပ်အကိုင်ပေါင်း ၂၄၂,၀၀၀ ကိုဖန်တီးပေးထားပါသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်းလမ်းထောက်ပံ့ပို့ဆောင်ရေးမဟာဗျူဟာသည် ဒစ်ဂျစ်တယ်စျေးကွက်များနှင့် နည်းပညာအသုံးပြုမှုများမှတစ်ဆင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်ကိုလည်း ရည်ရွယ်ထားပါသည်။ ဒစ်ဂျစ်တယ်လမ်းကြောင်းများနှင့် ယာဉ်အုပ်စုအဆင့်မြှင့်တင်မွမ်းမံမှုများအပါအဝင် စီမံကိန်းခုနစ်ခုတို့၏ ကဏ္ဍအသီးသီးတိုးတက်မှုနှင့် ထိရောက်မှုတို့ကိုပံ့ပိုးပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်။

ဒူဘိုင်း၏ ကူးသန်းရောင်းဝယ်ရေးနှင့်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမဟာဗျူဟာတွင် လေးလံသောကုန်တင်ယာဉ်များ၏ အချက်အလက်များကို သိရှိစေနိုင်သည့်  tachographs နည်းပညာများ၊ အလိုအလျောက်မောင်းနှင်နိုင်သောယာဉ်များနှင့်ထောက်ပံ့ပို့ဆောင်ရေးဖိုရမ်များကဲ့သို့သော စီမံကိန်းများပါဝင်ပါသည်။ ၎င်းသည် လက်ရှိဗျူဟာခြောက်ခုဖြစ်သော ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ အလိုအလျောက်မောင်းနှင်ပို့ဆောင်ရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် Zero-Emission ကာဗွန်ထုတ်လွှတ်သောယာဉ်များအသုံးပြုရေး၊ ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒစ်ဂျစ်တယ်စနစ်များစသည်တို့ပါဝင်ပါသည်။ ဤသို့ပေါင်းစပ်ဆောင်ရွက်မှုသည် ဒူဘိုင်း၏သယ်ယူပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပေးကာ ဘေးကင်းစေမှု၊ ဆန်းသစ်တီထွင်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E