India (Delhi)

အိန္ဒိယသည် ၂၀၂၄ ဘဏ္ဍာနှစ်၊ မိုးရာသီတွင် အစားအစာကောက်ပဲသီးနှံတန်ချိန် ၁၅၄ သန်း ထွက်ရှိမည်ဟု ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံ၏ ၂၀၂၃-၂၄ ခုနှစ် မိုးရာသီတွင် အစားအစာကောက်ပဲသီးနှံထုတ်လုပ်မှုသည်  တန်ချိန် ၁၅၄.၁၉ သန်းခန့်နှင့် ဆောင်းရာသီတွင် တန်ချိန် ၁၅၅.၁၂ သန်းခန့်ရှိသည်ဟု အစိုးရက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ခန့်မှန်းခဲ့ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများသက်သာချောင်ချိရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒုတိယကြိုတင်ခန့်မှန်းချက်အရ မိုးရာသီဆန်အထွက်နှုန်းမှာ တန်ချိန် ၁၁၁.၄၆ သန်းဖြစ်ပြီး ဆောင်းရာသီတွင် တန်ချိန် ၁၂.၃၆ သန်းထွက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ဂျုံထုတ်လုပ်မှုသည် တန်ချိန် ၁၁၂.၀၂ သန်းရှိမည်ဟု ခန့်မှန်းထားပြီး နှံစားပြောင်း(Shree Anna) ထုတ်လုပ်မှုအတွက် ခန့်မှန်းချက်မှာ မိုးရာသီတွင် တန်ချိန် ၁၂.၈၉ သန်းနှင့် ဆောင်းရာသီတွင် တန်ချိန် ၂.၄၉ သန်းထွက်ရှိမည်ဖြစ်ကြောင်း၊ ပဲစင်းငုံမှာ တန်ချိန် ၃.၃၄ သန်းထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ် ထုတ်လုပ်မှုတန်ချိန် ၃.၃၁ သန်းထက် အနည်းငယ်ပိုများမည်ဖြစ်ကြောင်း သိရှိရသည်။

ပဲတီစိမ်းထွက်ရှိမှုမှာ တန်ချိန် ၁၂.၁၆ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းသည် ယခင်နှစ်ထက် အနည်းငယ်နည်းကြောင်း၊ ပဲနီလေးထွက်ရှိမှုမှာ တန်ချိန် ၁.၆၄ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ် ၁.၅၆ သန်းနှင့်နှိုင်းယှဉ်ပါက ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ ပဲပုပ်ထုတ်လုပ်မှုမှာ တန်ချိန် ၁၂.၅၆ သန်း နှင့် မုံညှင်းနက်‌စေ့မှာ တန်ချိန် ၁၂.၇ သန်းထွက်ရှိမည်ဖြစ်ကြောင်း၊ ဝါဂွမ်းအထွက်နှုန်းမှာ ၃၂.၃၁ သန်း (၁၇၀ ကီလိုဂရမ်အထုတ်)နှင့် ကြံထွက်ရှိမှုတန်ချိန် ၄၄၆.၄၃ သန်းရှိမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကောက်ပဲသီးနှံထွက်ရှိမှုခန့်မှန်းချက်အား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Foodgrain Output Estimated at 154 MT in Kharif Season FY24, The Economic Times, 1 March 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)