Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအား ၁-၉-၂၀၂၅ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ ရပ်ဆိုင်းမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအား ၁-၉-၂၀၂၅ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ ရပ်ဆိုင်းမည် ဖြစ်ကြောင်း သမ္မတမားကို့စ်ဂျူနီယာမှ ၎င်း၏အိန္ဒိယနိုင်ငံသို့ ၄-၈-၂၀၂၅ မှ ၈-၈-၂၀၂၅ ရက်နေ့ထိ သွားရောက်နေသည့် နိုင်ငံတော်ခရီးစဉ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် သီးသန့်အစည်းအဝေးပြုလုပ်၍ အမိန့်ညွှန်ကြားချက်အား ၆-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ဆန် တင်သွင်းမှုရက်ပေါင်း ၆၀ ရပ်ဆိုင်းရခြင်းမှာ လက်ရှိစပါးရိတ်သိမ်းချိန်ကာလအတွင်း စပါး(Palay) ဈေးနှုန်းကျဆင်းခြင်းကြောင့် ပြည်တွင်းဆန်တောင်သူများ၏ အကျိုးစီးပွားထိခိုက်မှုလျော့ပါးသက်သာစေရန်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Source: https://globalnation.inquirer.net/287330/marcos-orders-60-day-rice-import-halt-starting-september-1

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines