Russia

အိန္ဒိယသို့ ရုရှားရေနံတင်ပို့မှု စက်တင်ဘာလတွင် ၉ ရာခိုင်နှုန်းတိုးတက်

Last Updated:

အိန္ဒိယသည် စက်တင်ဘာလတွင် ရုရှားရေနံတင်သွင်းမှုကို မြှင့်တင်ခဲ့ပြီး ၎င်း၏စုစုပေါင်းပမာဏမှာ တစ်ရက်လျှင်စည်ပေါင်း ၁.၅၇ သန်းအထိရောက်ရှိခဲ့ကာ ယခင်လနှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြခဲ့သည်။

စက်တင်ဘာလတွင် ရုရှားရေနံ၏ အိန္ဒိယသို့ တင်သွင်းမှုပမာဏမှာ ၃၈ ရာခိုင်နှုန်းရှိပြီး ဩဂုတ်လတွင် ၃၃ ရာခိုင်နှုန်းရှိခဲ့သည်။ ရုရှားမှ တင်ပို့ရောင်းချမှုဝေစုသည် လအတော်ကြာ ၄၀ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ ဩဂုတ်လတွင် သိသိသာသာကျဆင်းသွားခြင်းဖြစ်သည်။

နိုင်ငံပိုင်ရေနံချက်စက်ရုံများ၏ တင်သွင်းမှုမှာ အမြင့်ဆုံးတိုးတက်မှုကိုပြသခဲ့ပြီး ၎င်းတို့၏တင်သွင်းမှုသည် စက်တင်ဘာလတွင် ယခင်လနှင့်နှိုင်းယှဉ်ပါက လေးပုံတစ်ပုံ တိုးလာခဲ့သော်လည်း ပုဂ္ဂလိကရေနံချက်စက်ရုံများ၏ တင်သွင်းမှုမှာ ၁၃% ကျဆင်းခဲ့သည်။

တရုတ်နိုင်ငံသည် ရုရှားရေနံကို ဝယ်ယူမှုလျှော့ချလိုက်သောကြောင့် ယခုကဲ့သို့တိုးတက်လာခြင်းဖြစ်သည်ဟု  လေ့လာသုံးသပ်သူများက ပြောသည်။ တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေးဗီးယားမှ ရောင်းချမှုများကျဆင်းသွားခဲ့သဖြင့် ရုရှားရေနံစိမ်းဝယ်လိုအား မြင့်တက်လာခဲ့သည်။ စက်တင်ဘာလတွင် ရုရှားသည် အိန္ဒိယသို့ ရေနံအများဆုံးတင်ပို့ခဲ့ပြီး အီရတ်နှင့် ဆော်ဒီအာရေဗျတို့ထက် သာလွန်ခဲ့သည်။

အိန္ဒိယသည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရုရှားရေနံတင်သွင်းမှုကို သိသိသာသာတိုးမြှင့်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ရုရှားရေနံတင်သွင်းမှုသည် ၂ ရာခိုင်နှုန်းအောက်သာရှိခဲ့ပြီး ၂၀၂၃ ဧပြီလတွင် ၄၃ ရာခိုင်နှုန်းအထိရှိခဲ့သည်။

Source :   https://www.pravda.ru/news/economics/1892944-v_sentjabre_ uvelichilsja_import_rossiiskoi_nefti_v_indiju_na_9/

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia