Singapore

PayNow ဝန်ဆောင်မှုများကို နှောက်ယှက်ခံရသည့် အကြောင်းရင်းမြစ်ကို ရှာဖွေရန်အတွက် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore) နှင့် DBS ဘဏ်တို့ ပူးပေါင်းဆောင်ရွက်

Last Updated:

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က Fast And Secure Transfers (Fast)နှင့် PayNow တို့၏ဝန်ဆောင်မှုများကို နှောက်ယှက်ခံခဲ့ရသည့်ကိစ္စနှင့်စပ်လျဉ်း၍ အကြောင်းရင်းမြစ်ကို ရှာဖွေရန် DBS ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore) က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။

Fast နှင့် PayNow အသုံးပြုသည့် DBS ဘဏ် Customers သည် ၎င်းတို့၏ ငွေပေးချေမှု/လွှဲပြောင်းမှုများမှာ ဆိုင်းငံ့အခြေအနေတွင် ရှိနေကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရှိခဲ့ပါသည်။ ယင်းနေ့တွင်ပင် Fast နှင့် PayNow ဝန်ဆောင်မှုများပြန်လည်ရရှိသော်လည်း ဆိုင်းငံ့အခြေအနေတွင်ရှိနေသည့် ငွေပေးချေမှု/လွှဲပြောင်းမှုများမှာ စက်တင်ဘာလ ၂၉ ရက်နေ့တွင်မှ အပြည့်အဝလုပ်ဆောင်နိုင်ခဲ့ပါသည်။ ငွေပေးချေမှု/လွှဲပြောင်းမှုများတွင် အချို့မှာအောင်မြင်သော်လည်း အချို့ပေးချေမှု/လွှဲပြောင်းမှုများလုပ်ဆောင်၍ မရသည့်အခြေအနေဖြစ်ခဲ့ပါသည်။ ထိုသို့သောအခြေအနေများကြောင့် ဘဏ် Customers နှင့် လက်လီရောင်းချသူများအကြား ရှုပ်ထွေးမှုများဖြစ်စေခဲ့ပါသည်။

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက မည်သို့သောစနစ်ပိုင်းဆိုင်ရာ နှောက်ယှက်မှုမျိုးနှင့် ကြုံတွေ့စေကာမူ ငွေလွှဲပြောင်းမှုများ၊ ပေးချေမှုများကို လျင်လျင်မြန်မြန်နှင့် ပြန်လည်ဝန်ဆောင်မှုပေးနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ပြည်သူများအပေါ် သက်ရောက်မှုများကို ဖြေရှင်းနိုင်ရေး ဘဏ်များအနေဖြင့် ဆောင်ရွက်နိုင်စွမ်းရှိရန် မျှော်လင့်ကြောင်း၊ စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့အနေဖြင့် ဖြစ်ပွားရသည့်အဓိကအကြောင်းရင်းမြစ်ကို ရှာဖွေရန်အတွက် ဘဏ်နှင့်ဆောင်ရွက်လျက်ရှိပြီး ထိခိုက်နစ်နာခဲ့ရသည့် သုံးစွဲသူများနှင့် ၎င်းတို့၏ငွေလွှဲပြောင်းမှုများ/ပေးချေမှုများကို ကိုင်တွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore