Singapore

စင်ကာပူနိုင်ငံရှိ ဒေတာစင်တာများကို လျှပ်စစ်ဓာတ်အားရောင်းချရန်အတွက် ST Telemedia Global Data Centres နှင့် Sembcorp Power တို့ ကာလရှည်လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ်များ(Power Purchase Agreements - PPAs) လက်မှတ်ရေးထိုး

Last Updated:

Sembcorp Industries ပိုင် လက်အောက်ခံလုပ်ငန်းဖြစ်သည့် Sembcorp Power နှင့် ST Telemedia Global Data Centres တို့အကြား စင်ကာပူနိုင်ငံရှိ ဒေတာစင်တာများအတွက် လျှပ်စစ်ဓာတ်အား ရောင်းချရန် ကာလရှည်လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပါသည်။ စင်ကာပူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Temasek က ပိုင်ဆိုင်သည့် Singapore Technologies Telemedia သည် ST Telemedia Global Data Centres ၏ မိခင်ကုမ္ပဏီဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်များအရ Sembcorp Power သည် ST Telemedia Global Data Centres ၏ဒေတာစင်တာများကို လျှပ်စစ်ဓာတ်အား ၁၀၀ မက်ဂါဝပ်ကို ၈ နှစ်မှ ၁၀ နှစ် အထိ ရောင်းချမည်ဖြစ်ပါသည်။ Sembcorp အုပ်စုအနေဖြင့် ST Telemedia Global Data Centres ဖြင့် ချုပ်ဆိုသည့်စာချုပ်များကြောင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝင်ငွေပိုတိုးလာမည်ဟု မျှော်လင့်ထားပါသည်။ Sembcorp အုပ်စုသည် Micron နှင့် ၁၈ နှစ်စာချုပ်၊ Singtel နှင့် ၁၀ နှစ်စာချုပ်များ ချုပ်ဆိုထားပြီး ယခုချုပ်ဆိုသည့် ကာလရှည်လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်များသည် Sembcorp အုပ်စု၏ စင်ကာပူနိုင်ငံတွင် ကာလရှည်စာချုပ်များဖြင့် လုပ်ငန်းဆောင်ရွက်မှုကို အားကောင်းစေကြောင်း ၂-၁၀-၂၀၂၃ ရက်နေ့က Sembcorp က ပြောကြားခဲ့ပါသည်။

ရင်းမြစ်။ The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore