U. A. E

၂၀၂၅ ခုနှစ်၏ Eid Al-Fitr ကာလအတွင်း ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ အများပြည်သူသုံးသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို အသုံးပြုသူ ၆.၃၉ သန်းကို တွေ့မြင်ခဲ့ရ

Last Updated:

၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ Eid Al-Fitr အားလပ်ရက်အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး၊ တက္ကစီများနှင့်မျှဝေအသုံးပြုရသည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင် ခရီးသည်စုစုပေါင်း ၆.၃၉ သန်းရှိခဲ့ကြောင်း ဒူဘိုင်းလမ်းပန်းသယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့(RTA)မှ အစီရင်ခံစာတစ်ရပ်တွင် တင်ပြထားပါသည်။

အနီရောင်နှင့် အစိမ်းရောင်ရထားလိုင်းနှစ်ခုစလုံးကိုလွှမ်းခြုံထားသည့် ဒူဘိုင်းမက်ထရိုရထားလိုင်းသည် စီးနင်းသူခရီးသည် ၂.၄၂၈ သန်းကိုပို့ဆောင်နိုင်ခဲ့ကာ အကြီးဆုံးပို့ဆောင်မှုလုပ်ငန်းအဖြစ် ပါဝင်နိုင်ခဲ့ပါသည်။ ဒူဘိုင်းဓာတ်ရထားသည် ခရီးသည် ၁၁၁,၁၃၀ ဦးကိုပို့ဆောင်ခဲ့ပြီး အများပိုင်ဘတ်စ်ကားများသည် ခရီးသည် ၁.၃၃ သန်းကို ပို့ဆောင်ပေးခဲ့ပါသည်။

အများသုံးရေကြောင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ပဲ့ချိတ်၊ ကူးတို့နှင့် ရေကြောင်းတက္ကစီများ စသည်တို့အား စီးနင်းအသုံးပြုသူ ၄၀၈,၉၉၁ ဦးကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဒူဘိုင်းအငှားယာဉ်နှင့် ဝန်ဆောင်မှုလုပ်ငန်းအော်ပရေတာများပါဝင်သော အငှားယာဉ်များသည် ခရီးစဉ်ပေါင်း ၁.၆၈၄ သန်းကို အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် e-hail အငှားယာဉ်များ၊ နာရီအလိုက် ကားအငှားများနှင့် လိုအပ်ချက်အရအသုံးပြုခဲ့သည့် ဘတ်စ်ကားများကဲ့သို့သောမျှဝေရွေ့လျားမှုဝန်ဆောင်မှုများအား သုံးစွဲသူပေါင်း ၄၂၉,၆၀၆ ဦးရှိခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

အဆိုပါကိန်းဂဏန်းများသည် ခရီးသွားလာမှုအမြင့်ဆုံးသောကာလများအတွင်း ဒူဘိုင်း၏ သယ်ယူပို့ဆောင်ရေးကွန်ရက်အပေါ် သက်ရောက်မှုနှင့် တိုးပွားလာမှုကို မီးမောင်းထိုးဖော်ပြလျက်ရှိပြီး RTA သည် ဒူဘိုင်းမြို့ကြီး၏ တိုးပွားလာသောလူဦးရေနှင့် ခရီးသွားလိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ရွေ့လျားသွားလာမှုဆိုင်ရာဖြေရှင်းချက်များကိုတိုးမြှင့်လုပ်ဆောင် လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E