ယူအေအီးနိုင်ငံ၏ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကင်းလွတ်ဇုန်များတွင် ကော်ပိုရိတ်အခွန်အတွက် အရည်အချင်းပြည့်မီသောလုပ်ဆောင်မှုများကို ချဲ့ထွင်ဆောင်ရွက်သွားမည့် ဆုံးဖြတ်ချက်အသစ်များကို ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဗဟိုချက်အဖြစ်ရောက်ရှိစေမည့် ယူအေအီးနိုင်ငံ၏အယူခံဝင်မှုဖြင့် အားကောင်းစေခဲ့ပါသည်။
၂၀၂၅ ခုနှစ်၏ဝန်ကြီးဌာနဆိုင်ရာဆုံးဖြတ်ချက်အမှတ် ၂၂၉ သည် ၂၀၂၃ ခုနှစ်၏ဆုံးဖြတ်ချက်အမှတ် ၂၆၅ ကိုအစားထိုးပြီး မည်သည့်လုပ်ဆောင်မှုများသည်အရည်အချင်းပြည့်မီပြီး ဖယ်ထုတ်ထားသော အမျိုးအစားများအောက်တွင်ရှိကြောင်း ရှင်းလင်းဖော်ပြထားပါသည်။ အဆိုပါပြန်လည်ပြင်ဆင်မှုသည် စက်မှုလုပ်ငန်းသုံးဓာတု ပစ္စည်းများ၊ ဆက်စပ်ထုတ်ကုန်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကုန်စည်များပါဝင်ပြီး ကုန်စည်ကူးသန်း ရောင်းဝယ်မှုကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်စေနိုင်ကာ ဆက်စပ်အဖွဲ့အစည်းများအကြား ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာဝန်ဆောင်မှုများအတွက် စည်းမျဉ်းများကို ပြန်လည်စိစစ်ပေးထားကြောင်း ဖော်ပြပါရှိပါသည်။
ဖြည့်စွက်စီမံမှုတစ်ခုဖြစ်သည့် ၂၀၂၅ ခုနှစ်၏ဝန်ကြီးအဆင့်ဆုံးဖြတ်ချက်အမှတ် ၂၃၀ တွင်ဈေးနှုန်းများကိုအစီရင်ခံ တင်ပြရသည့် အသိအမှတ်ပြုထားသောလုပ်ငန်းအေဂျင်စီများကို ကုန်စည်စျေးနှုန်းသတ်မှတ်ရာတွင် ပွင့်လင်းမြင်သာမှုနှင့်လိုက်လျောညီထွေရှိစေရန်အတွက် သတ်မှတ်ပေးထားကာ အခွန်ထမ်းဆောင်သူများအပေါ် ပိုမိုရှင်းလင်းမှုရှိလာစေပါသည်။ ဝန်ကြီးဌာနမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် မတူကွဲပြားမှုများကိုတွန်းအားပေးရာတွင် ကင်းလွတ်ဇုန်များ၏ အဓိကအခန်းကဏ္ဍအပေါ် မီးမောင်းထိုးဖော်ပြခဲ့ကာ အဆိုပါမွမ်းမံမှုများသည် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသည့်ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရှိပြီး နိုင်ငံတကာအခွန်စံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
အရည်အချင်းပြည့်မီသောကုန်စည်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုချဲ့ထွင်ကာ ငွေကြေး၊ ဖြန့်ဖြူးရေးနှင့်ရင်းနှီး မြှုပ်နှံမှုဆိုင်ရဆောင်ရွက်မှုများတွင် ပိုမိုရှင်းလင်းသောလမ်းညွှန်ချက်များကို ထားရှိပေးထားခြင်းအားဖြင့် အဆိုပါဆုံးဖြတ်ချက်များသည် ယူအေအီးနိုင်ငံ၏ယှဉ်ပြိုင်နိုင်သော ကော်ပိုရိတ်အခွန်စနစ်နှင့် ရေရှည်တည်တံ့သောစီးပွား ရေးတိုးတက်မှုအတွက် ၎င်း၏ကတိကဝတ်များကို အားဖြည့်ပေးလျက်ရှိပါကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)