Vietnam

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၏ စုစုပေါင်းဒေသတွင်းပြည်တွင်းထုတ်ကုန်သည် ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်အတွင်း ၇.၅ ရာခိုင်နှုန်းတိုးလာ

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သည် ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်တွင် စုစုပေါင်းဒေသတွင်းပြည်တွင်းထုတ်ကုန်တိုးတက်မှုနှုန်းသည် ၇.၅ ရာခိုင်နှုန်းစံချိန်တင်ခဲ့ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးတိုးလာခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။

ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာပြီး ဝန်ဆောင်မှုကဏ္ဍတွင် ၈.၇၂ ရာခိုင်နှုန်း၊ စက်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ၅.၉၄ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၀.၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ လက်လီရောင်းချမှုစုစုပေါင်းသည် ဗီယက်နမ်ဒေါင် ၃၁၆.၆ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၂.၁ ဘီလီယံကျော်)ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၂ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။

ခရီးသွားကဏ္ဍသည် ၃ လတာ ကာလအတွင်း စုစုပေါင်းဝင်ငွေ ဗီယက်နမ်ဒေါင် ၅၆.၆ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂.၁၈ ဘီလီယံကျော်)ဖြင့် သိသိသာသာတိုးတက်မှုရရှိခဲ့သည်။ ဟိုချီမင်းမြို့တော်အနေဖြင့် နိုင်ငံတကာခရီးသွားဧည့်သည် ၁.၆၄ သန်းနှင့် ပြည်တွင်းခရီးသွားဧည့်သည် ၈.၅၇ သန်းအား ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၅၆၇ သန်းကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၃.၄ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam