Vietnam

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည်၂၀၂၅ ခုနှစ် ပထမ ၃ လပတ်တွင် အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလီယံအထိ ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုဝင်ငွေသည် ယခုနှစ် ပထမ ၃ လပတ်တွင် အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၆ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP)၏အဆိုအရ သိရှိရပါသည်။

မတ်လတစ်လထဲတွင် ပင်လယ်စာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၈၉ သန်းနီးပါးရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာကြောင်း သိရှိရပါသည်။

ပုစွန်တင်ပို့မှုမှ ၉၃၁.၆ သန်းရှိပြီး ယခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၅.၇ ရာခိုင်နှုန်းမြင့်တက်လာပါသည်။ အဆိုပါမြင့်တက်လာမှုသည် တရုတ်၊ အမေရိကန်နှင့် EU ကဲ့သို့သောအဓိကဈေးကွက်များမှ ဝယ်လိုအားမြင့်တက်လာသောကြောင့်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ငါးတန်တင်ပို့မှုမှ ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ ၄၆၅ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၃ ရာခိုင်နှုန်းမြင့်တက်လာသည်။ ပြည်ပသို့ ဂဏန်းနှင့် အခွံမာငါးတင်ပို့ရောင်းချမှုမှ ပထမ ၃ လ ပတ်အတွင်း ပို့ကုန်ဝင်ငွေ ၈၆.၄ သန်းအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

သို့ရာတွင် တူနာငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂၂.၇ သန်းရရှိခဲ့ပြီး ၃၆ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam