India (Delhi)

အိန္ဒိယနိုင်ငံ၏ မေလလက်ဖက်ခြောက်ထွက်ရှိမှုသည် ၃၀% ကျဆင်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးအဆင့်ဖြစ်

Last Updated:

အိန္ဒိယနိုင်ငံ၏လက်ဖက်ခြောက်ထုတ်လုပ်မှုသည် မေလတွင် ပြီးခဲ့သည့်နှစ် ကာလတူထုတ်လုပ်နိုင်မှုထက် ၃၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပြီး ကီလိုဂရမ် ၉၀.၉၂ သန်းသာထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့် ယင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ၎င်း၏အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း လက်ဖက်ဘုတ်အဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံလက်ဖက်ထုတ်လုပ်မှု၏ ထက်ဝက်ကျော်ထုတ်လုပ်နိုင်သော အာသံပြည်နယ်တွင် ထုတ်လုပ်မှုသည် ၂၆ ရာခိုင်နှုန်းကျော်ကျဆင်းသွားပြီး ကီလိုဂရမ် ၄၉.၈၄ သန်းရှိ ကြောင်း ဘုတ်အဖွဲ့က ပြောသည်။ လက်ရှိကာလတွင် အာသံပြည်နယ်၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇွန်လနှင့် ဇူလိုင်လတို့၌ လက်ဖက်ထုတ်လုပ်မှုအပေါ်လည်း သက်ရောက်မှုများရှိနိုင်ကြောင်း သိရှိရသည်။ 

အိန္ဒိယသည် CTC(crush-tear-curl)စနစ်အသုံးပြုထုတ်လုပ်ထားသည့် လက်ဖက်ခြောက်ကို အဓိကအားဖြင့် အီဂျစ်နှင့်ဗြိတိန်နိုင်ငံတို့သို့ တင်ပို့လျက်ရှိပြီး သမားရိုးကျထုတ်လုပ်သည့် အမျိုးအစား များကို အီရတ်၊ အီရန်နှင့် ရုရှားနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

Source : India’s May tea output falls 30%, lowest level in over a decade, The Economic Times, 5 July 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)