Russia

ဇန်နဝါရီမှ ဧပြီလအတွင်း ရုရှား၏ဘတ်ဂျက်လိုငွေပြမှုသည် ရူဘယ် ၅.၈၈ ထရီလီယံဖြစ်သည်

Last Updated:

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ရုရှားပြည်ထောင်စုဘတ်ဂျက်လိုငွေပြမှုသည် ရူဘယ် ၅.၈၈ ထရီလီယံ သို့မဟုတ် GDP ၏ ၂.၅ %(ယမန်နှစ်ကာလတူထက် ရူဘယ် ၂.၉၄၆ ထရီလီယံပိုများကြောင်း) ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

"ဇန်နဝါရီ-ဧပြီလ ၂၀၂၆ ရလဒ်များအပေါ်အခြေခံ၍ ပြည်ထောင်စုဘတ်ဂျက်တွင် လိုငွေပြမှု သည် ရူဘယ် ၅,၈၇၇ ဘီလီယံရှိပြီး ၎င်းသည်ယမန်နှစ်အလားတူကာလထက် ရူဘယ် ၂,၉၄၆ ဘီလီယံပိုမိုမြင့်မားသည်။ ယခုနှစ်အစတွင် မြင့်မားသောလိုငွေပြမှုသည် အဓိကအားဖြင့် အဆင့်မြင့်ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်များကြောင့်ဖြစ်သည်" ဟု ၀န်ကြီးဌာန၏ ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

Source: https://tass.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia