Russia

အနောက်နိုင်ငံများ၏ စစ်ရေးအစီအမံများကြားတွင် မော်စကိုသည်အာတိတ်ဒေသရှိ ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန် အသင့်ရှိကြောင်း ရုရှားသံအမတ်က ပြောကြားခဲ့

Last Updated:

အာတိတ်ဒေသတွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကိုကာကွယ်ရန် စစ်ရေးနှင့် နိုင်ငံ ရေးအပါအဝင် လိုအပ်သည့်အစီအမံအားလုံးကို ရုရှားကဆောင်ရွက်ရန် အသင့်ရှိကြောင်း Ottawa ဆိုင်ရာ ရုရှားသံအမတ် Oleg Stepanov က ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ အာတိတ်ဒေသကို စစ်အင်အားသုံးရန် သဘောထားသည် ဒေသတွင်း တည်ငြိမ်ရေးချိန်ခွင်လျှာကို ပျက်ပြားစေကြောင်း ၎င်းကအလေးအနက်ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ မကြာသေးမီကလှုပ်ရှားမှုများကြောင့် ကနေဒါသည် မြောက်ဘက်ရှိ စစ်အခြေစိုက်စခန်းများ(Yellowknife၊ Inuvik၊ Iqaluit နှင့် Labrador ဒေသ)တွင် ခေတ်မီရန် ဒေါ်လာ ၂၅ ဘီလီယံခွဲဝေပေးရန် ကနေဒါက စီစဉ်နေကြောင်း Izvestia က ဖော်ပြသည်။ ယူနိုက်တက်ကင်းဒမ်း သည် ၂၀၂၉ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခဖြစ်ရန် ကြိုတင်ပြင်ဆင်ရန်အတွက် Nordic ရေတပ်မဟာမိတ်အဖွဲ့ကိုထူထောင်ကြောင်းကြေညာခဲ့သည်(ဗြိတိသျှရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir Gwyn Jenkins ၏အဆိုအရ)။

ကနေဒါ၏ဘတ်ဂျက်အပေါ်တင်းမာမှုများကြောင့် ကြီးမားသောစစ်ရေးပရောဂျက်များအတွက် ရန်ပုံငွေများကို အစိုးရကမည်သည့်နေရာတွင် ရှာဖွေမည်ကို မရှင်းလင်းသေးကြောင်း Oleg Stepanov မှ မှတ်ချက်ပြုခဲ့သည်။ အာတိတ်ကောင်စီ၏ အနောက်အုပ်စုအဖွဲ့ဝင်များသည် တင်းမာမှုများတိုးလာပါက ၎င်းတို့၏လုံခြုံရေးကို အဓိကထိခိုက်စေမည်ဖြစ်ကြောင်း သံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။

Source: https://www.angi.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia